ပါကစ္စတန် လာဟိုးမြို့တွင် လူနည်းစုများက ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆို

By Babushahi
29 January 2022
ပါကစ္စတန် လာဟိုးမြို့တွင် လူနည်းစုများက ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆို

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ရှိ ပန်ဂျပ်လွှတ်တော်အရှေ့ဘက်တွင် ဇန်နဝါရီ ၁၄ ရက်က လူနည်းစု အုပ်စုများက စုဝေးပြီး ဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြသူများက ပါလီမန်လွှတ်တော်တွင် လူနည်းစုများအတွက် သီးသန့်ထားသည့် ကိုယ်စားလှယ်နေရာများကို ရွေးကောက်ရာတွင် မျှတပြီး ဒီမိုကရေစီနည်းကျသော လုပ်ငန်းစဉ်တစ်ရပ် ရှိစေရေးအတွက် တောင်းဆိုခဲ့ကြကြောင်း သတင်းရင်းမြစ်များက ပြောသည်။

လက်ရှိစနစ်အရ နိုင်ငံရေးပါတီများအနေဖြင့် လူနည်းစု မဲဆန္ဒရှင်များ၏ သဘောဆန္ဒမပါဘဲ လူနည်းစုများကို ကိုယ်စားပြုရန် ကိုယ်စားလှယ်များ ရွေးချယ်နေရခြင်းသည် ဒီမိုကရေစီနည်းလမ်းမကျကြောင်း ၎င်းတို့က ပြောကြသည်။

ဆန္ဒပြသူများက "နိုင်ငံရေးပါတီများ၏ လက်ရွေးစင်ကိုယ်စားလှယ်များ ရွေးချယ်မှုပုံစံ အလိုမရှိ" ဟု ရေးထားသည့် စာတန်းများကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြသလို ၎င်းတို့၏ နိုင်ငံရေးအခွင့်အလမ်းများ ငြင်းပယ်ခံရမှုကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။

နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ် ရွေးချယ်မှုသည် လူနည်းစုများကို ဖဲကြဉ်ခံရသလို ဖြစ်စေပြီး ရွေးချယ်ခံကိုယ်စားလှယ်မှာလည်း လူနည်းစုမဲဆန္ဒရှင်များအတွက် တိုက်ရိုက် ကိုယ်စားပြုနိုင်မည့်သူ မဟုတ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

လက်ရှိစနစ်ကို ပြုပြင်ပြောင်းလဲရန် အရေးတကြီး လိုအပ်နေသလို အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များ၌ လူနည်းစု မဲဆန္ဒရှင်များ ၎င်းတို့၏ ကိုယ်စားလှယ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်နိုင်ခွင့်ရစေရန်အလို့ငှာ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန်လည်း တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly