နိုင်ငံခြားသားများ အိမ်ပိုင်ခွင့် အင်ဒိုနီးရှား ခွင့်ပြု

နိုင်ငံခြားသားများ အိမ်ပိုင်ခွင့် အင်ဒိုနီးရှား ခွင့်ပြု

ဂျကာတာ၊ ဇန်နဝါရီ ၁၃ ။            ။ အင်ဒိုနီးရှားနိုင်ငံက နိုင်ငံအတွင်း လာရောက်ရင်းနှီးမြုပ်နှံသည့် နိုင်ငံခြားသားများကို ဖော်ရွေမှု ပြသသည့် အနေဖြင့် ကိုယ်ပိုင်အိမ် နှစ် ၈၀ ပိုင်ဆိုင်ခွင့်ကို ခွင့်ပြုပေးလိုက်ပြီဖြစ်သည်။

နိုင်ငံခြားသားများအနေဖြင့် နှစ်သုံးဆယ်ဂရန်အမည်ပေါက်ဖြင့် အိမ်ပိုင်ဆိုင်ခွင့်ရသည့် စည်းမျဉ်းဥပဒေကို သမ္မတ ဂျိုကိုဝီက လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဂရန်သက်တမ်းကို နောက်ထပ်နှစ်ငါးဆယ် ထပ်တိုးနိုင်ခွင့်လည်း ရှိထားကြောင်း ကက်ဘိနက်အတွင်းဝန်ရုံးက ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြသည်။

ထိုသို့ အိမ်ပိုင်ဆိုင်ခွင့်အတွက် နိုင်ငံခြားသားသည် အင်ဒိုနီးရှားနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်ခြင်း၊ ရင်းနှီးမြုပ်နှံထားခြင်းများ ရှိရမည်ဖြစ်ပြီး နိုင်ငံအတွက် အကျိုးပြုနိုင်မှုကို ပြသနိုင် ရမည်ဟုလည်း ရေးသားထားသည်။

ယခင်စည်းမျဉ်းအရမူ နိုင်ငံခြားသားဖြစ်သူများသည် အိမ်ပိုင်ဆိုင်ခွင့် ၂၅ နှစ်နှင့် နောက်ထပ် ထပ်တိုးလျှောက်နိုင်ခွင့် ၂၅ နှစ်သာ ရှိခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံက တိုက်ခန်းဝယ်ယူပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီးလည်း ဖြေလျှော့မှုများ ပေးလာခဲ့သည်။ နိုင်ငံခြားသားများအား ရူပီး ၁၀ ဘီလီယံကျော် တန်ဖိုးရှိ တိုက်ခန်းများ ဝယ်ယူပိုင်ဆိုင်နိုင်ခွင့် ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly