ရေဖြူမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ဆိုသူများက အမျိုးသား ၁ဦးကို ပစ်သတ်

By ကိုရွှေမြိတ်
28 January 2022
ရေဖြူမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ဆိုသူများက အမျိုးသား ၁ဦးကို ပစ်သတ်

ဇန်နဝါရီ ၂၈

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘုလယ်ဒေသ ပရဒတ်ရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၂၈ရက် နံနက်၁၀ နာရီက ဥယျာဉ်ခြံ အတွင်း သစ်ပင်ရေလောင်းနေသည့် အသက် ၄၀ ကျော် အမျိုးသား တစ်ဦးကို ပျူစောထီးအဖွဲ့ဝင် ဆိုသူများက သေနတ်ဖြင့် လာရောက် ပစ်သတ်သွားကြောင်း ဒေသခံ ရွာသားများထံမှ သိရသည်။

ပစ်သတ်ခံရသူမှာ ဦးကျော်ဝင်း ဆိုသူ ဖြစ်ပြီး သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခဲ့ရ၍ နေရာ၌ပင် သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

နဘုလယ်ရွာ ဒေသခံ တစ်ဦးက"သေနတ် ပစ်သံ ကြားလို့ သွားကြည့်တာ ဦးကျော်ဝင်း ဆိုတဲ့သူ သေနတ်နဲ့ ပစ်ခံရတာ ဖြစ်တယ် ။ သေနတ်သံ သုံးလေးချက် ကြားတယ်"ဟု ပြောသည်။

ဦးကျော်ဝင်း သည် PDF အဖွဲ့နှင့် ဆက်စပ်မှု ရှိသည်ဟူသော စွပ်စွဲချက်နှင့် ပျူစောထီး အဖွဲ့မှ လာရောက် ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly