လောင်းလုံးမြို့နယ်တွင် ပျူစောထီးဟုဆိုသူများက နေအိမ်အတွင်း သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်

By ကိုရွှေမြိတ်
27 January 2022
လောင်းလုံးမြို့နယ်တွင် ပျူစောထီးဟုဆိုသူများက နေအိမ်အတွင်း သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်

ဇန်နဝါရီ ၂၇

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု ဂေါ့အင်းကျေးရွာတွင် ယမန်နေ့ ညပိုင်းက နေအိမ် တစ်ခုအတွင်း ပျူစောထီးဟု ဆိုသူများက သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်သွားကြောင်း ကျေးရွာနေ ဒေသခံများထံမှ သိရသည်။

ပျူစောထီးဟု ဆိုသည့်အဖွဲ့က ဂေါ့အင်းကျေးရွာရှိ နေအိမ် တစ်ခုအတွင်း ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၇ နာရီခွဲ အချိန်တွင် အကြောင်းမဲ့ ဝင်ရောက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

"ညက နေအိမ်ကို အကြောင်းမဲ့ လာရောက် ပစ်ခတ်သွားတာပါ။ ပျူစောထီး ခန့်မှန်း ခြောက်ယောက်လောက် ရှိမယ် ထင်တယ်၊ ကားနဲ့လာပြီး ကားပေါ်က လေးယောက် ဆင်းလာပြီး သေနတ်နဲ့ အချက်ပေါင်း ၂၀ လောက် ပစ်ခတ်သွားတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဝင်ရောက် ပစ်ခတ်မှုကြောင့် နေအိမ်ရှိ ပြတင်းပေါက်နှင့် မှန်များ ထိမှန်ခဲ့ကာ လူထိခိုက်မှု မရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly