ထိုင်းနယ်စပ် ၂ နေရာ၌ တရားမဝင် နယ်စပ်ဖြတ်ကျော်သည့် မြန်မာနိုင်ငံသား ၃၆၀ ကျော် ဖမ်းဆီးခံရ

ထိုင်းနယ်စပ် ၂ နေရာ၌ တရားမဝင် နယ်စပ်ဖြတ်ကျော်သည့် မြန်မာနိုင်ငံသား ၃၆၀ ကျော် ဖမ်းဆီးခံရ

ဇန်နဝါရီ ၂၇

ထိုင်းနိုင်ငံ နယ်စပ်ဂိတ် နှစ်နေရာ ဖြစ်သည့် ကန်ချနပူရီနှင့် ပရာကျွတ်ခီရီခမ် ခရိုင်တို့တွင် တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၃၆၅ ဦးကို ထိုင်းကင်းလှည့် တပ်ဖွဲ့မှ ဖမ်းဆီး အရေးယူခဲ့ကြောင်း ထိုင်း တပ်မတော် Army PR Center လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ထိုင်းကင်းလှည့် တပ်ဖွဲ့က မြန်မာနိုင်ငံသား ၃၆၅ ဦးကို ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်း၊ မော်လမြိုင်၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှ လာရောက်သည့် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း Army PR Center လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ယခု ဖမ်းဆီး ခံခဲ့ရသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ အတွင်းရှိ ဒေသ အသီးသီးတွင် သွားရောက် အလုပ်လုပ်ကိုင်မည့် သူများဖြစ်ပြီး ၎င်းတို့အား ကျန်းမာရေး စစ်ဆေးရာ အပူချိန် ၃၇ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်သူ မတွေ့ရသဖြင့် Muang Prachuap Khiri Khan ရဲစခန်းနှင့် Sai Yok ရဲစခန်းတို့တွင် အရေးယူရန် စစ်ဆေးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly