ကော့သောင်းမြို့နယ်တွင် ပြည်သူ့စစ်ခေါင်း‌ဆောင်ဆိုသူ ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

By ကိုရွှေမြိတ်
26 January 2022
ကော့သောင်းမြို့နယ်တွင် ပြည်သူ့စစ်ခေါင်း‌ဆောင်ဆိုသူ ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ မာရမ်းကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၆ နာရီတွင် ၎င်း ပိုင်ဆိုင်သော ရော်ဘာခြံအတွင်း ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းသည် စစ်တပ်က အာဏာသိမ်းခြင်းကို ကြိုဆို ထောက်ခံခဲ့သူ ဖြစ်သည့်အပြင် ကျေးရွာ အတွင်းရှိ NLD ပါတီ ဆိုင်းဘုတ်များကို လိုက်လံ ဖျက်ဆီး ဖြုတ်ချခဲ့သူ ဖြစ်ကြောင်း ဒေသခံကပြောသည်။

ပစ်ခတ်ခံရသည့် ပြည်သူ့စစ်ခေါင်းဆောင်မှာ ကိုစုဝင်းဆိုသူဖြစ်ပြီး မာရမ်းကျေးရွာတွင် နေထိုင်သည်ဟု သိရသည်။

ခမောက်ကြီးမြို့ ဒေသခံ တစ်ဦးက"ဒီလူက ရွာမှာ ဆိုရင် စစ်တပ်နဲ့ အရမ်းကို နီးစပ်တဲ့ သူတစ်ဦးပါ (စရဖ) သတင်းပေး ဒလန်လို့လည်း နာမည်ကြီးနေသူ တစ်ဦးလည်း ဖြစ်တယ်။ နောက်ပြီး ပြည်သူ့ စစ်ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သလို စစ်တပ်က အာဏာ သိမ်းပြီး နောက်ပိုင်း ရွာမှာ ရှိတဲ့ NLD ပါတီ ဆိုင်းဘုတ်တွေကို အတင်း အဓမ္မဖြုတ်ချခဲ့တဲ့ လူတစ်ယောက် ဖြစ်တယ်"ဟု ပြော သည်။

လက်ရှိတွင် ခမောက်ကြီးတွင် စစ်တပ် သတင်းပေး ဒလန်ဆိုသူများနှင့် ပြည်သူ့စစ်ခေါင်းဆောင် အပါဝင် ပစ်ခတ်ခံရ၍ သေဆုံးသွားသူ သုံးဦး အထိ ရှိလာနေပြီး ၎င်းတို့ကို မည့်သည့် အဖွဲ့က ပြုလုပ်သွားသည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required