ဘဝရပ်တည်နိုင်ရေးအတွက် အာဖဂန်မိသားစုများ သားသမီးများနှင့် ခန္ဓာကိုယ်တွင်းအင်္ဂါများကို ရောင်းစားနေရ

ဘဝရပ်တည်နိုင်ရေးအတွက် အာဖဂန်မိသားစုများ သားသမီးများနှင့် ခန္ဓာကိုယ်တွင်းအင်္ဂါများကို ရောင်းစားနေရ

စစ်ဒဏ်ခံထားရသော အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ လက်အောက်၌ နေရပ်စွန့်ခွာခဲ့ကြရသည့် မိသားစုများသည် ယခုအခါ ဘဝရပ်တည်နိုင်ရေးအတွက် ၎င်းတို့၏ သားသမီးများနှင့် ခန္ဓာကိုယ်တွင်းအင်္ဂါများကို ရောင်းစားနေကြရသည်။

နိုင်ငံမြောက်ပိုင်း ပြည်နယ်များဖြစ်သည့် ဘော့ခ်၊ ဆာ-အီ-ပူလ်၊ ဖာယက်ဘ်နှင့် ဂျော့ဇ်ဂျန်တို့တွင် ယခင်အစိုးရ မပြုတ်ကျခင်က တာလီဘန်တပ်ဖွဲ့များနှင့် ယခင်အစိုးရတပ်ဖွဲ့များအကြား ဖြစ်ခဲ့သည့် ပြင်းထန်သည့် ပဋိပက္ခတိုက်ပွဲများကြောင့် မိသားစုအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးထားခဲ့ကြရကြောင်း Tolo News က ဖော်ပြသည်။

အဆိုပါ နေရပ်စွန့်ခွာထားခဲ့ကြရသည့် အာဖဂန်မိသားစုများ ၎င်းတို့၏ သားသမီးများနှင့် ကိုယ်တွင်းအင်္ဂါများကို ရောင်းချခြင်းမပြုလုပ်စေရန် ပရဟိတ ကော်မတီတစ်ခုက အဆိုပါ မိသားစုများကို အစားအသောက်နှင့် ငွေကြေးများ ထောက်ပံ့ရင်း ကူညီပေးလျက် ရှိသည်။

ကလေးငယ်တစ်ဦး၏ ဈေးနှုန်းသည် အာဖဂန်ငွေကြေး ၁၀၀,၀၀၀ မှ ၁၅၀,၀၀၀ အကြား ရှိပြီး ကျောက်ကပ်တစ်လုံး၏ ဈေးနှုန်းသည် အာဖဂန်ငွေကြေး ၁၅၀,၀၀ မှ ၂၂၀,၀၀၀ အထိ ရှိကြောင်း သိရသည်။

မိသားစုများသည် ဘော့ခ်ပြည်နယ်၏ မြို့တော် မာဇာ-အီ-ရှာရစ်ဖ်ရှိ ကမ့်စခန်းတစ်ခု၌ နေထိုင်ကြလျက် ရှိသည်။

ကိုဗစ်-၁၉ ကပ်ရောဂါအပြင် နိုင်ငံ၏ စီးပွားရေး ပြဿနာများနှင့် ဆင်းရဲမွဲတေမှုကြောင့် ယင်းကဲ့သို့သော ဆုံးဖြတ်ချက်များကို မတတ်သာသည့်အဆုံး ချမှတ်ရခြင်းဖြစ်ကြောင်း မိသားစုများက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly