ကလေးမြို့နယ်အတွင်း အခွန်အခများ အဓမ္မ ကောက်ခံခြင်း မပြုရန် PDF သတိပေး

ကလေးမြို့နယ်အတွင်း အခွန်အခများ အဓမ္မ ကောက်ခံခြင်း မပြုရန် PDF သတိပေး

ဇန်နဝါရီလ ၂၅ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် အခွန်အခများ အဓမ္မ ကောက်ခံခြင်း မပြုရန် ယနေ့ ဇန်နဝါရီလ ၂၅ ရက်တွင် ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Kalay PDF က သတိပေး ထုတ်ပြန်လိုက်သည်။

ကလေးမြို့နယ်အတွင်း စည်ပင်၊ လျှပ်စစ်၊ ပြည်တွင်းအခွန်၊ ထွေအုပ်နှင့် နိုင်ငံပိုင်ဘဏ်များ အပါအဝင် စစ်ကောင်စီ၏ ဖိနှိပ်ရေး ယန္တယားကို အလုပ်ကျွေး ပြုနေသော ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ပြည်သူလူထု အပေါ် အခွန်အခ ကောက်ခံခြင်း၊ ချေးငွေများ ပေးသွင်းရန် ဖိအားပေးခြင်း၊ လုပ်ငန်းလိုင်စင်နှင့် တင်ဒါခေါ်ယူမှုများ ရပ်ဆိုင်းရန် ပြင်းပြင်းထန်ထန် သတိပေးကြောင်း ဖော်ပြသည်။

“အခွန်ကောက်တဲ့ သူတွေက စစ်ခွေး (စစ်ကောင်စီတပ်) တွေ လုံခြုံရေး ယူခိုင်းပြီး ကောက်နေတာတွေရှိတယ်၊ ဟိုတလောက အခွန်ရုံးနဲ့ လျှပ်စစ်ဦးစီးမှူး အသတ်ခံရပြီး ငြိမ်သွားသေးတယ်၊ အခု ပြန်ကောက်ဖို့ လုပ်နေတယ်” ဟု ကလေးမြို့ခံ တစ်ဉီးက ပြောသည်။

စစ်ကောင်စီ ဝင်ငွေရရှိစေရန် တစ်နည်းနည်းဖြင့် ဆက်လက် ဆောင်ရွက်နေပါက သက်ဆိုင်သူများအား ပြင်းထန်စွာ အရေးယူ တုံ့ပြန်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required