ထိုင်းနယ်စပ်ဂိတ် ၂ ခုတွင် မြန်မာနိုင်ငံသား ၂၅၀ ကျော် ဖမ်းဆီးခံရ

ထိုင်းနယ်စပ်ဂိတ် ၂ ခုတွင် မြန်မာနိုင်ငံသား ၂၅၀ ကျော် ဖမ်းဆီးခံရ

ဇန်နဝါရီ ၂၅

ထိုင်းနိုင်ငံ နယ်စပ်ဂိတ် နှစ်ခုတွင် ယမန်နေ့က တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၅၀ ကျော်ကို ထိုင်း အာဏာပိုင်များက ဖမ်းဆီး အရေးယူခဲ့ကြောင်း ထိုင်းတပ်မတော် Army PR Center လူမှုကွန်ရက်က ဖော်ပြသည်။

အဆိုပါ မြန်မာနိုင်ငံသား ၂၅၅ ဦးသည် ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၁၂ နာရီတွင် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် နှင့် ပရာကျွတ်ခီရီခမ်ခရိုင်တို့တွင် တစ်ဖွဲ့လျင် လူတစ်ရာကျော်ဖြင့် ဝင်ရောက်လာစဉ် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

ယင်းမြန်မာနိုင်ငံသား ၂၅၅ ဦးကို ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုဖြင့် အရေးယူရန် သက်ဆိုင်ရာ ခရိုင်ရဲစခန်းများတွင် စစ်ဆေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်အကိုင် ရှားပါးမှုကြောင့် တရားမဝင် နယ်စပ် ဖြတ်ကျော်မှုများ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ မြင့်တက်လာရာ အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ဝင်ရောက်မှု မြင့်တက်နေကြောင်း မြန်မာ အလုပ်သမားအရေး အကူအညီ ပေးနေသူများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly