တရုတ်အပေါ် ပိတ်ဆို့အရေးယူထားမှုများ ပြန်ဖွင့်ပေးရန် မသေချာသေးကြောင်း ကန်သမ္မတ ပြောကြား

တရုတ်အပေါ် ပိတ်ဆို့အရေးယူထားမှုများ ပြန်ဖွင့်ပေးရန် မသေချာသေးကြောင်း ကန်သမ္မတ ပြောကြား

အကောက်ခွန်လျှော့ပေါ့ပေးရန် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များက တောင်းဆိုနေသော်လည်း တရုတ် သွင်းကုန်များအပေါ် စည်းကြပ်ခွန်များ ရုပ်သိမ်းရန် အဆင်သင့်မဖြစ်သေးကြောင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ပြောကြားလိုက်သည်။

အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ကက်သရင်းတိုင်က “ဒါကို အခုပဲ လုပ်ဆောင်နေတယ်” ဟု ဘိုင်ဒန်က ရာထူးသက်တမ်းတစ်နှစ်ပြည့် အထိမ်းအမှတ်နေ့ ဇန်နဝါရီ ၁၉ရက်တွင် ပြောကြားခဲ့သည်။ ဒါပေမယ့် “အဖြေက မသေချာပါဘူး” ဟု ၎င်းက ဆက်ပြောကြားသည်။

"သူတို့ရဲ့ကတိကဝတ်တွေထက် ပိုပြီး ကတိကဝတ်တွေကို ဖြည့်ဆည်းပေးနေတဲ့ အနေအထားမှာ သူတို့ကို ရှိနေချင်ပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ အဲဒီထဲက တချို့ကို ရုပ်သိမ်းနိုင်ပေမယ့် အချိန်မကျသေးပါ ဘူး" ဟု ဘိုင်ဒင်က အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့် ချုပ်ဆိုခဲ့သော အပိုင်း ၁ ကုန်သွယ်ရေးသဘောတူညီချက်အရ တရုတ်၏ ကတိကဝတ်များကို ရည်ညွှန်းပြီး ဘိုင်ဒင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်ကုန်ပစ္စည်းများအပေါ် သမ္မတဟောင်း ဒေါ်နယ်ထရမ့်အစိုးရက အပြစ်ဒဏ်ချမှတ်ခြင်း၏ ဆိုးကျိုးများ အကြောင်း အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များက မကျေမနပ်ပြောကြားခဲ့သည်မှာ ကာလကြာရှည် နေပြီဖြစ်ပြီး တရုတ်နှင့် ဆက်ဆံရာတွင် ပိုမိုပြည့်စုံသောမဟာဗျူဟာလိုအပ်ကြောင်း တချို့က အလေးပေးပြောကြားခဲ့သည်။

၂၀၂၀ပြည့်နှစ်နှင့် ၂၀၂၁ခုနှစ်အတွင်း နောက်ထပ်အမေရိကန် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀ဝဖိုးကို ဝယ်ယူရန် သဘောတူညီချက် အပိုင်း ၁ ပါ ကတိကဝတ်များကို တရုတ်က ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ပြီး ယင်းကိစ္စကို မည်ကဲ့ကိုင်တွယ်ဖြေရှင်းမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထို့ကြောင့် အမေရိကန်အစိုးရက တရုတ်က ကတိကဝတ်များ မဖြည့်နိုင်ခြင်းကို မည်သို့ကိုင်တွယ်မည်နှင့် တရုတ်သွင်းကုန်များကို ဒေါ်လာဘီလီယံရာနှင့် ချီပြီး အခွန်စည်းကြပ်မှုများအပေါ် မည်ကဲ့သို့ ထိန်းထားမည်ကို မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

ဟောင်ကောင်နှင့် ရှင်ကျန်း ဒေသရှိ တိုင်းရင်းသား မွတ်စလင်များအပေါ်တွင် တရုတ်ခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ငန်းများ၏ ဖိနှိပ်မှုများနှင့် ပတ်သက်ပြီး ထရမ့်အစိုးရကဲ့သို့ပင် လက်ရှိအမေရိကန်အစိုးရကလည်း ပြင်းပြင်းထန်ထန်ဝေဖန်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required