ထားဝယ်မြို့က ပြည်သူ ၂ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ထပ်မံဖမ်းဆီး

By ကိုရွှေမြိတ်
20 January 2022
ထားဝယ်မြို့က ပြည်သူ ၂ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ထပ်မံဖမ်းဆီး
ပုံစာ- ထားဝယ်မြို့တွင် အာဏာသိမ်းပြီးစကာလ ဆန္ဒပြပုံ။

ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ယမန်နေ့က သတင်းထောက် သုံးဦးကို ဖမ်းဆီးပြီနောက် အပြစ်မဲ့ ပြည်သူ နှစ်ဦးကိုပါ ထပ်မံ၍ လိုက်လံ ဖမ်းဆီးသွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖမ်းဆီးခြင်း ခံရသည့် အမျိုးသား နှစ်ဦးမှာ ထားဝယ်မြို့နယ် ဇလွန်းရွာတွင် နေထိုင်သူ ကိုသူရိန်ထက် ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့၏ ဗျောတောဝ စစ်ဆေးရေး ဂိတ်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်း အချိန်တွင်ဖမ်းဆီးခြင်း ခံရပြီး ယင်းအပြင် ဘုမ္မော်ရပ်ကွက် ၄ လမ်းတွင် နေထိုင်သူ ဦးဝင်းကိုလည်း နေအိမ်တွင် ဝင်ရောက် ဖမ်းဆီခဲ့သည်ဟု မြို့ခံများထံမှ သိရ သည်။

ထိုကြောင့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် တနင်္သာရီတိုင်း ထားဝယ်မြို့ အခြေစိုက် Dawei Watch သတင်း ဌာနမှ သတင်းထောက် သုံးဦး အပါဝင် စုစုပေါင်း ငါးဦးကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly