ပါကစ္စတန်တွင် စားနပ်ရိက္ခာ အထောက်အပံ့ ပြတ်လပ်မှုနှင့် မှောင်ခိုရောင်းချမှုတို့အပေါ် ဆန့်ကျင်ဆန္ဒပြ

ပါကစ္စတန်တွင် စားနပ်ရိက္ခာ အထောက်အပံ့ ပြတ်လပ်မှုနှင့် မှောင်ခိုရောင်းချမှုတို့အပေါ် ဆန့်ကျင်ဆန္ဒပြ

ပါကစ္စတန် ထိန်းချုပ်သည့် ဂီလ်ဂစ် ဘော်လ်တစ္စတန်ဒေသတွင် ဆောင်းရာသီကာလများအတွင်း သုညအောက်အပူချိန်များနှင့် ဆီးနှင်းကျရောက်မှုတို့ ရှိနေစဉ်စားနပ်ရိက္ခာ ရှားပါးမှုနှင့် မှောင်ခို ရောင်းဝယ်မှုတို့အပေါ် ဇန်နဝါရီ ၁၀ ရက်က ကန့်ကွက်သည့် ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါဒေသတွင် ဒေသခံပြည်သူတို့အတွက် နေ့စဉ်ဘဝများသည် ပိုမို ခက်ခဲလာပြီး အထူးသဖြင့် အလွန် အေးမြသည့် ဆောင်းရာသီကာလအတွင်း ၎င်းတို့သည် အခြေခံ အထောက်အပံ့များ ကင်းမဲ့နေသည်ဟု သိရသည်။

နေ့စဉ် စားသောက်ကုန်များကို မှောင်ခို ရောင်းဝယ်ခြင်း နှင့် အစိုးရအာဏာပိုင်တို့၏ အကျင့်ပျက် ခြစားမှုတို့ကလည်း ၎င်းတို့၏ ဒုက္ခသုက္ခများကို ပိုမို ဆိုးဝါးစေခဲ့သည်။

ဂီလ်ဂစ် ဘော်လ်တစ္စတန်ရှိ ပြည်သူများသည် ဝန်ကြီးချုပ် အီမရန် ခန်း၏ ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီအပေါ် အမျက်ဒေါသထွက်နေကြပြီး အကျင့်ပျက် ခြစားမှုနှင့် မှောင်ခို ရောင်းချမှုတို့အတွက် ၎င်းတို့က အစိုးရကို အပြစ်တင်နေကြသည်။

ဆန္ဒပြသူများသည် ၎င်းတို့ဒေသ၌ ဂျုံမှုန့် ရှားပါးပြတ်လပ်မှုနှင့် အပြင်းအထန် ရင်ဆိုင်နေရစဉ် မကြာသေးခင်က ဂီလ်ဂစ် မြို့ရှိ လမ်းများကို ပိတ်ဆို့ဆန္ဒပြခဲ့ကြသည်။

ဂျုံ ခွဲတမ်းကို မူလအတိုင်း ပြန်မရမချင်း နှင့် အရည်အသွေးပြည့်မီသော ဂျုံနှင့် ဂျုံမှုန့်တို့ ထောက်ပံ့မှု မရမချင်း ဂီလ်ဂစ် ဘော်လ်တစ္စတန် ဒေသတဝန်း ဆန္ဒပြလှုပ်ရှားမှုကို ဆက်လုပ်သွားမည်ဟု ဒေသခံများက ပြောကြသည်။

မှောင်ခို ရောင်းဝယ်မှုနှင့် ဂျုံ ထောက်ပံ့ပေးသွင်းမှုပိုင်း အားနည်းမှုကြောင့် ဒေသခံ အများအပြားသည် ယင်းတို့ကို ပိုမို မြင့်မားသော ဈေးနှုန်းတစ်ရပ်ဖြင့် မဖြစ်မနေ ဝယ်ယူနေကြရသည်ဟု သိရသည်။

ပါကစ္စတန်၏ တရားမဝင် သိမ်းပိုက်ထိန်းချုပ်မှုအောက် ဆယ်စုနှစ်ခုနစ်စုကျော်ကာလတွင် ဂီလ်ဂစ် ဘော်လ်တစ္စတန်သည် အများအပြား ထိခိုက်ခံစားထားခဲ့ရပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly