ငါန်းဇွန်မြို့နယ်ရှိ Mytel တာဝါတိုင် ဖောက်ခွဲခံရ

ငါန်းဇွန်မြို့နယ်ရှိ Mytel တာဝါတိုင် ဖောက်ခွဲခံရ

ဇန်နဝါရီ ၁၉

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီး လက်ပံကျင်းတောင်ရွာရှိ Mytel တာဝါတိုင်နှင့် စက်ပစ္စည်းများအား ဇန်နဝါရီလ ၁၈ရက် ည၈နာရီအချိန်ခန့်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

"မိုင်းသုံးလုံးနဲ့ ဖောက်ခွဲခဲ့တယ်။ တိုင်တော့မလဲသွားဘူး။ စက်ပစ္စည်းတွေကိုပဲ ဖောက်ခွဲဖျက်ဆီးခဲ့တာ၊ စစ်ကောင်စီ ဒေါက်တိုင်မှန်သမျှကို ဖျက်ဆီးသွားမှာပါ"ဟု မြောင်မြို့နယ် T.G.R - ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ကပြောသည်။

အဆိုပါလုပ်ဆောင်မှုကို မြောင်မြို့နယ် T.G.R - ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့နှင့် ဇာမနည်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly