ပါလီမန်အတွင်း တရုတ်သူလျှိူ လှုပ်ရှားနေသည့် သံသယရှိကြောင်း ဗြိတိန်လွှတ်တော်အမတ်များကို သတိပေးထား

ပါလီမန်အတွင်း တရုတ်သူလျှိူ လှုပ်ရှားနေသည့် သံသယရှိကြောင်း ဗြိတိန်လွှတ်တော်အမတ်များကို သတိပေးထား

လွှတ်တော်အတွင်း တရုတ်သူလျှိူတစ်ဦး၏ လုပ်ဆောင်မှုများရှိနေကြောင်း သံသယရှိသည်ဟု ဗြိတိန်ထောက်လှမ်းရေးဌာန (MI5) က ဗြိတိန်လွှတ်တော်အမတ်များအား ဇန်နဝါရီ ၁၃ ရက်တွင် သတိပေးခဲ့ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ ပြောရေးဆိုခွင့်ရှိသူ လင်ဆေးဟွိုင်၏ ပြောကြားချက်ကိုကိုးကား၍ Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

"လွှတ်တော်ဥက္ကဋ္ဌဟာ အဖွဲ့ဝင်တွေရဲ့ လုံခြုံရေးနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်ကို အလွန်အလေးအနက်ထား တာကြောင့် လုံခြုံရေးဌာနနဲ့ တိုင်ပင်ပြီးတော့ ဒီသတိပေးချက်ကို ထုတ်ပြန်ခဲ့တာပါ။ဒါနဲ့ပတ်သက်ပြီး နောက်ထပ် ဘာမှတ်ချက်မှ မရှိပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟွိုင်၏ အီးမေးလ်တွင် တရုတ်ကွန်မြူနစ်ပါတီ (APPG) ကိုယ်စား နိုင်ငံရေးစွက်ဖက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ လန်ဒန်အခြေစိုက် ရှေ့နေ ခရစ္စတင်းလီကိုအမည်တပ်ပြောထားကြောင်း Sputnik က ဖော်ပြသည်။

၎င်း၏စာတွင် လီသည် ဗြိတိန်နိုင်ငံလုံးဆိုင်ရာပါလီမန်အဖွဲ့တွင် ဖယ်ရှားခံခဲ့ရသည့် တရုတ်လူမျိုးများအပါအဝင် လွှတ်တော်အမတ်များနှင့် ဆက်စပ်နိုင်ငံရေးအဖွဲ့အစည်းများကို အဆက်အသွယ်ရှိကြောင်းဖော်ပြထားသည်။

အဆိုပါ သတိပေးချက်ကို အောက်လွှတ်တော်တွင် စည်းဝေးပွဲစည်းမျဉ်းထုတ်ပြန်သော ကွန်ဆာဗေးတစ်လွှတ်တော်အမတ် အီယန်ဒူကန်စမစ်ကက ထုတ်ဖော်ပြောကြားခဲ့ပြီး အလွန်စိုးရိမ်ဖွယ်ကိစ္စလည်း ဖြစ်ကြောင်း ပြောခဲ့သည်။

ပြည်ထဲရေးဝန်ကြီး ပရီတီပါတဲလ်က လီသည် လွှတ်တော်အမတ်များကို ပစ်မှတ်ထားနေသည်မှာ လွန်စွာ စိုးရိမ်စရာကောင်းကြောင်း နှင့် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှု သို့မဟုတ် ဒီမိုကရေစီအတွက် ဖြစ်နိုင်ခြေရှိသော မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမဆို ခွဲခြားသတ်မှတ်ရန် ဗြိတိန်က ချမှတ်ထားသော ခိုင်မာသောဖွဲ့စည်းမှုများကြောင့် ဤသို့သိလာရသည်ဟု အခိုင်အမာပြောဆိုခဲ့ကြောင်း Sputnik သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ခြိမ်းခြောက်မှုများကိုတန်ပြန်ရန် ရှေ့လာမည့် အစီအမံများကို ရှိနှင့်ပြီးသား ခိုင်မာသော အကာအကွယ်များပေါ်တွင် ထပ်တိုးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း လွိုင်က ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly