တရုတ်တွင် အင်တာနက်နှင့် ဆက်နွှယ်သည့် ရာဇဝတ်မှုပေါင်း ၆၂၀ဝ၀ ကျော်တွင် ပါဝင်ပတ်သက်ခဲ့သော သံသယရှိသူ ၁၀၃၀ဝ၀ ကျော်ကို ဖမ်းဆီးထားသည်။
၂၀၂၁ခုနှစ် အွန်လိုင်းရာဇဝတ်မှုနှိမ်နင်းရေးတွင် သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန (MPS) မှ ဇန်နဝါရီ ၁၄ရက်တွင် ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသူ ၇၈၃ ဦးတွင် ဖုန်းခိုးနားထောင်ခြင်း သို့မဟုတ် စောင့်ကြည့်ကိရိယာများကို လျှို့ဝှက် တပ်ဆင် သူများ ပါဝင်သည်။
အခကြေးငွေပေးပြီး ပို့စ်များကို ဖျက်ခိုင်းခြင်း နှင့် အွန်လိုင်းသုံးသပ်ချက်ရေးခြင်းဆိုင်ရာ အတုအယောင် စာရင်းဇယားများကဲ့သို့သော တရားမဝင်နှင့် ရာဇဝတ်မှုများအတွက် သံသယရှိသူ ၂,ဝဝဝ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
အွန်လိုင်းငွေပေးချေမှု အကောင့်ပေါင်း ၆ ဒသမ ၂ သန်းကျော်နှင့် ဝဘ်ဆိုဒ် ၁၂၀ဝ ကျော်ကို ဥပဒေနှင့်အညီ ပိတ်ပစ်ခဲ့သည်။
အင်တာနက်ကို အသုံးပြု၍ စာမေးပွဲများ လိမ်လည်စီစဉ်မှုဖြင့် သံသယရှိသူ ၁၇၀ဝ ကျော်ကိုလည်း ဖမ်းဆီးနိုင် ခဲ့ကြောင်း MPS မှ ထုတ်ပြန်ခဲ့သည်။