ပါကစ္စတန် ထိန်းချုပ်ထားသော ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် အစိုးရနှင့် စစ်တပ်က ဝင်ရောက်စွက်ဖက်နေ

By Just Earth News
18 January 2022
ပါကစ္စတန် ထိန်းချုပ်ထားသော ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် အစိုးရနှင့် စစ်တပ်က ဝင်ရောက်စွက်ဖက်နေ

ပါကစ္စတန်အစိုးရနှင့် စစ်တပ်အဖွဲ့အစည်းများကြောင့် ဒေသတွင်း ဒီမိုကရေစီအသက်ရှုကြပ်နေမှု၊ လူ့အခွင့်အရေး အခြေအနေ ညံ့ဖျင်းမှုနှင့် အကျင့်ပျက်ခြစားမှုများလာသည်ကို အလေးထားဖော်ပြရန် ပါကစ္စတန် ထိန်းချုပ်ထားသော ဂျမူးနှင့် ကက်ရှ်မီးယား(PoJK )ဒေသ၏ ဒေသခံခေါင်းဆောင်များနှင့် တက်ကြွ လှုပ်ရှားသူအချို့သည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒီမိုကရေစီနိုင်ငံများ၏ ထောက်ခံအားပေးမှုကိုရရှိရန် စတင် လုပ်ဆောင်လျက်ရှိသည်။

ညီညွတ်သောကက်ရှ်မီးယားပြည်သူ့အမျိုးသားပါတီ (UKPNP) သည် PoJKတွင် ဒေသန္တရအုပ်ချုပ်ရေးကို ပျက်ပြားစေရန် ဒီမိုကရေစီနည်းလမ်းမကျသော နည်းလမ်းများအသုံးပြုနေသည့်အတွက် ပါကစ္စတန်အစိုးရနှင့် စစ်တပ်ကို သတ္တိရှိရှိ စိန်ခေါ်ထားသည့် ပါတီတစ်ခုဖြစ်သည်။

PoJKဒေသအစိုးရတွင် အစွန်းရောက်အဖွဲ့များနှင့် ပတ်သက်သူများခန့်အပ်မှုနှင့်ပတ်သက်၍ ဘရပ်ဆဲလ်နှင့် အရှေ့ ဥရောပဆိုင်ရာ UKPNP ၏ ဗဟိုအတွင်းရေးမှူးနှင့် နိုင်ငံခြားရေးရာ ကော်မတီ ညွှန်ကြား ရေးမှူးက မကြာသေး မီက ဥရောပပါလီမန်၏ နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ ဒေးဗစ်မက်လစ်စတာ၊ ဥရောပကော်မရှင်ဥက္ကဌ ဒါလီယန်တို့ဆီသို့ စာရေးသားပေးပို့ခဲ့သည်။

ဒေသဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ပြီး PoJKအစိုးရအဖွဲ့တွင် အရေးကြီးသော ရာထူးတစ်ခုအား ပါကစ္စတန်စစ်တပ်မှ ဗိုလ်ချုပ်ကြီးတစ်ဦး၏ မိတ်ဖက်တစ်ဦးအား ရာထူးခန့်ထားသည့် အထူးကိစ္စရပ်ကိုလည်း ကိုးကားဖော်ပြခဲ့သည်။

POJK ဒေသ ရွေးကောက်ပွဲကာလအတွင်း တာလီဘန် အကြမ်းဖက်သမားများနှင့် ပူးပေါင်းပြီး ပြည်သူများကို လက်နက်ဖြင့် ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခဲ့သည့် အက်ရက်ဝက်စ်အား ကက်ရှ်မီးယား ယဉ်ကျေးမှုအကယ်ဒမီ၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

အက်ရက်ဝက်စ်၏ ပိုစတာများတွင် တပ်မတော် စစ်ဦးစီးအရာရှိချုပ် ကွာမာဂျာဗေးဗစ်ဂျ်ဝါ၏ ဓာတ်ပုံများကိုပင် ပြသထားသည်။

၎င်းသည် အက်ဒူလ်လာဂယ်ခေါင်းဆောင်သော ပါကစ္စတန်လူငယ်လှုပ်ရှားမှုအဖွဲ့မှ ခေါင်းဆောင် တစ်ဦးဖြစ်သည်။

အက်ဒူလ်လာဂယ်သည် ISI ၏ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဟာမစ်ဂေါ၏ သားဖြစ်ပြီး တာလီဘန်များနှင့် နီးနီးကပ်ကပ် ဆက်ဆံရေးရှိသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly