ယူကရိန်းတွင် ပထဝီနိုင်ငံရေးသြဇာ လွှမ်းမိုးရန် တရုတ်က ပိုမို ကြိုးပမ်းလာ

ယူကရိန်းတွင် ပထဝီနိုင်ငံရေးသြဇာ လွှမ်းမိုးရန် တရုတ်က ပိုမို ကြိုးပမ်းလာ

ယူကရိန်း၏ မဟာဗျူဟာမြောက် ပထဝီဝင်တည်နေရာ၊ အဆင့်မြင့် ဆိုဗီယက် ကာကွယ်ရေးစနစ်များနှင့် နည်းပညာများ အပါအဝင် တရုတ်၏ ဘက်စုံစိတ်ဝင်စားမှုများက ယူကရိန်းအပေါ် တရုတ်အစိုးရက သြဇာ လွှမ်းမိုးမှုကို တိုးမြင့်လာစေခဲ့သည်။

ယူကရိန်းသည် ခါးပတ်လမ်းစီမံကိန်း (BRI) တွင် အရေးပါသော ပို့ဆောင်ဆက်သွယ်ရေး အချက်အချာအဖြစ် တရုတ်က ရှုမြင်ထားကြောင်း Geopolitica.info တွင် ဒီဗာလီရာအို ဖက်ဘ်ရီက ရေးသားခဲ့သည်။

တရုတ်- ယူကရိန်းဆက်ဆံရေးသည် မကြာသေးမီကာလအထိ အတက်အကျရှိခဲ့ပြီး နိုင်ငံရေး ခေါင်းဆောင်များ က စိတ်ကျေနပ်စရာထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းမှသည် တရုတ်၏တသီးပုဂ္ဂလနှင့် အဖွဲ့အစည်းများကို စိတ်ရှုတ်စရာ ပိတ်ဆို့အရေးယူမှုနှင့် ယူကရိန်းပြည်သူများက တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆင်နွှဲသည်အထိ ဖြစ်စေခဲ့သည်။

တရုတ်မှ Skyrizon Aircraft Holdings ကုမ္ပဏီက ယူကရိန်းလေကြောင်းကုမ္ပဏီ Motor Sich၏ ရှယ်ယာ အများစုကို ၂၀၁၆ခုနှစ်တွင် ကမ်းလွန်ကုမ္ပဏီများမှ တဆင့်လျှို့ဝှက်ရယူရန် ကြိုးပမ်းသောအခါတွင် ပြဿနာများစတင်ခဲ့ပြီး ယင်းကြိုးပမ်းမှုကို ၂၀၁၇ခုနှစ်တွင် ယူကရိန်းအာဏာပိုင်များက ပယ်ဖျက်ခဲ့သည်။

Motor Sich၏ အစုရှယ်ယာများကို ထိန်းချုပ်ရယူရန် တရားမဝင်သောလုပ်ရပ်များကို လုပ်ဆောင်သည့် အတွက် တရုတ်ကုမ္ပဏီများနှင့် လုပ်ဖော် ကိုင်ဖက်များအား ပိတ်ဆို့အရေးယူရန် အမိန့်ကို ယူကရိန်းသမ္မတ ဇီလန်စကီးက ၂၀၂၁ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် အဆိုပါကိစ္စသည် ပိုမိုကြီးထွားလာခဲ့ကြောင်း Geopolitica.info က ဖော်ပြခဲ့သည်။

ထို့ပြင် ယူကရိန်းသို့ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ဆေးဝါးများထောက်ပံ့ပေးနေသော်လည်း တရုတ်၏ ကာကွယ်ဆေးအသုံးချ သံတမန်ရေးမှာ ယူကရိန်းတွင် မအောင်မြင်လှပေ။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်က ယူကရိန်းနိုင်ငံ နိုဗီဆန်းရှာရီမြို့တွင် ဝူဟန်မြို့ရှိ ဆေးရုံများမှ ဆင်းလာသည့် တရုတ်နိုင်ငံသားများကို သီးသန့်ခွဲခြားထားရှိမှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

တရုတ်၏ သံသယဖြစ်ဖွယ် ရည်ရွယ်ချက်များနှင့် နယ်ပယ်ချဲ့ထွင်ရေး အယူအဆများအပေါ် ယူကရိန်း အသိုင်းအဝိုင်း၏ မယုံကြည်မှုသည် တရုတ်မူဝါဒ ချမှတ်သူများအတွက် အဓိက စိုးရိမ်ပူပန်မှုတစ်ခုဖြစ်ပြီး ယူကရိန်းပိုင်နက်တွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ ပျံ့နှံ့နေသည်ဟု ဖက်ဘ်ရီက ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly