ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အရာရှိများအပေါ် တရုတ်၏ ဒဏ်ခတ်မှုက စော်ကားမှုတစ်ရပ်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြောကြား

ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အရာရှိများအပေါ် တရုတ်၏ ဒဏ်ခတ်မှုက စော်ကားမှုတစ်ရပ်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြောကြား

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင် (USCIRF)နှင့်အတူ ရပ်တည်ကြောင်း ဖော်ပြသည့် အနေဖြင့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ယင်းအဖွဲ့၏ အရာရှိ ၄ ဦးအပေါ် တရုတ်၏ ပိတ်ဆို့အရေးယူမှုသည် ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးများကို ဆန့်ကျင်သည့် တရုတ်၏ နောက်ထပ် စော်ကားမှု ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ကော်မရှင်အဖွဲ့ဝင် ၄ ဦးဖြစ်သည့် ဥက္ကဌ မာအန်ဇာ၊ ဒုဥက္ကဌ နူရီတာကယ်လ်၊ ကော်မရှင်နာ ဘာဂါဗာနှင့် ဂျိမ်းကားတို့ကို တရုတ်အစိုးရက ဒီဇင်ဘာလတွင် ပိတ်ဆို့အရေးယူခဲ့သည်။

အဆိုပါလုပ်ရပ်များကြောင့် ဝါရှင်တန်အတွက် အဟန့်အတားမဖြစ်စေဘဲ ဆက်လက် လုပ်ဆောင်နေပြီး USCIRF၊ ယင်း၏ ဝန်ထမ်းများနှင့် အတူ ရပ်တည်နေကြောင်း ဘလင်ကန်က ထပ်မံ အတည်ပြုခဲ့သည်။

"တရုတ်နိုင်ငံသည် အစောပိုင်းကလည်း လက်ရှိနှင့် ယခင် USCIRF ကော်မရှင်နာ ၃ ဦးအား ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး ကမ္ဘာတစ်ဝန်းဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားမှုမြှင့်တင်ရေး လုပ်ဆောင်နေသော လက်ရှိ သို့မဟုတ် ယခင်အမေရိကန် အရာရှိများနှင့် အဖွဲ့အစည်းများကို တိကျသည့်အကြောင်းအရာမယ်မယ်ရရမရှိဘဲ အရေးယူခဲ့သည်။

အဆိုပါ လုပ်ရပ်များက မိမိတို့ကို အဟန့်အတားမဖြစ်စေဘဲ ဆက်လက်လုပ်ဆောင်နေပြီး USCIRF၊ ၎င်းတို့၏ ဝန်ထမ်းများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်နေပါသည်။

အမေရိကန်သည် ကမ္ဘာတစ်ဝန်းရှိ လူ့အခွင့် အရေးများကို ခုခံကာကွယ်ရန် ကတိပြုထားပြီး တာဝန်ခံမှုမြှင့်တင်ရန်အတွက် သံတမန်ရေးနှင့် စီးပွားရေး ဆိုင်ရာ ကိရိယာအားလုံးကို ဆက်လက် အသုံးပြုသွားမည်ဖြစ်ကြောင်း ဘလင်ကင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်က လူ့အခွင့်အရေးအတွက် ထုတ်ဖော်ပြောဆိုသူများကို ခြိမ်းခြောက်ခြင်းနှင့် နှုတ်ပိတ်ရန် ဆက်လက် ကြိုးပမ်းခြင်းသည် ရှင်ကျန်းတွင် ဖြစ်ပွားနေသည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများကို နိုင်ငံတကာက စောင့်ကြည့်လေ့လာမှုတိုးလာခြင်းကိုသာ ဖြစ်စေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုအပါအဝင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကိုယ်စား ဟောပြော သူများကို မိမိတို့ ထောက်ခံရပ်တည်ပေးသွားမည်” ဟု ၎င်းက ဆက်လက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required