"တိုက်ပွဲဝင်လည်း အတူတူ ပြည်သူ အချင်းချင်း ဖေးမ ကူ" ခေါင်းစဉ်ဖြင့် ထားဝယ်၌ စားသောက်ကုန်များ ထောက်ပံ့

By ကိုရွှေမြိတ်
16 January 2022
"တိုက်ပွဲဝင်လည်း အတူတူ ပြည်သူ အချင်းချင်း ဖေးမ ကူ" ခေါင်းစဉ်ဖြင့် ထားဝယ်၌ စားသောက်ကုန်များ ထောက်ပံ့

ဇန်နဝါရီ ၁၆

"တိုက်ပွဲဝင်လည်း အတူတူ ပြည်သူ အချင်းချင်း ဖေးမ ကူ" ခေါင်းစဉ်ဖြင့် ထားဝယ်မြို့ပေါ်ရှိ အခက်အခဲဖြစ်နေသည့် မိသားစုများကို စားသောက်ကုန်များ ထောက်ပံ့ ကူညီပေးခဲ့ကြောင်း Dawei Youth Revolutionary Movement Strike Committee အဖွဲ့ထံက သိရသည်။

ထားဝယ်မြို့ မြို့ပေါ် ရပ်ကွက်များရှိ အခက်အခဲ ဖြစ်နေသည့် မိသားစု ၅၀ ကို အဆိုပါ စားသောက်ကုန်များ ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပြည်သူလူထု တစ်ရပ်လုံး အတူတကွ တိုက်ပွဲ ဝင်ခဲ့သည့် နည်းအတူ အခက်အခဲ များစွာကိုလည်း ပြည်သူ အချင်းချင်း ဖေးမကူရန် လိုအပ်ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly