သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဒလန်ဟုနာမည်ထွက်နေသူ အမျိုးသား ၁ဦး ပစ်ခတ်ခံရ၍ သေဆုံး

သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဒလန်ဟုနာမည်ထွက်နေသူ အမျိုးသား ၁ဦး ပစ်ခတ်ခံရ၍ သေဆုံး

ဇန်နဝါရီလ ၁၄ ရက်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် မတောင်ရွာတွင် စစ်ကောင်စီ ဒလန်သတင်းပေးဟုနာမည်ထွက်နေသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခံရရာ‌ သေဆုံးသွားကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်များဖြစ်တဲ့ Tagaung PDF နှင့် Kyarhnyat PDF တို့၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည် ။

ယနေ့ နေ့လည် ၁၂ ဝန်းကျင်ခန့်က မတောင်ရွာလမ်းဘေးတွင် စျေးဆိုင်ဖွင့်လှစ်ထားသော လက်ပံကုန်းရွာသား ကိုကြည်တိုးဆိုသူ၏ ဝဲဘက်နားထင်အား သေနတ်ဖြင့်တေ့ပစ်ခံရကာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးမှ ပြောဆိုထားသည်။

''ဟုတ်တယ်ဗျ၊ အဲလူက စစ်ကောင်စီနဲ့ အဆက်စပ်ရှိတယ် ပြီးတော့ သူ့ဆိုင်အနီးမှာ စခ(စစ်ကောင်စီတပ်ဖွဲ့) ၊ရခ (ရဲတပ်ဖွဲ့)တွေ ရမ်းသမ်းပြီး ပစ်ခဲ့လို့ ပြည်သူတစ်ဦးသေဆုံးတဲ့ ကိစ္စမှာ သူပါဝင်တယ်"ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည် ။

ပစ်ခတ်ခံရ၍ သေဆုံးသွားသူ ကိုကြည်တိုး၏ ဇနီးဖြစ်သူမှာလည်း လက်ရှိတွင် ဆယ်ဇင်းကုန်းကျေးရွာတွင်တာဝန်ကျနေသည့် Non-CDM ကျောင်းဆရာမ တစ်ဦးဖြစ်ကြောင်း ဒေသခံများက ထပ်မံပြောဆိုထားသည် ။

သပိတ်ကျင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၈ရက်နေ့ကလည်း ကြံ့ခိုင်ရေးပါတီဝင် ဒလန်သတင်းပေးဟုနာမည်ထွက်နေသည့် လင်မယားနှစ်ယောက်အား အမည်မသိ အဖွဲ့တစ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပွားခဲ့‌သေးသည်။

ပေးပို့( CJ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required