ပုသိမ်မြို့အဝင် ရုပ်တုအဝိုင်းအနီး ယာဉ်ထိန်းရဲရုံး ဗုံးပေါက်

ပုသိမ်မြို့အဝင် ရုပ်တုအဝိုင်းအနီး ယာဉ်ထိန်းရဲရုံး ဗုံးပေါက်

ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အဝင် ရုပ်တုအဝိုင်းအနီးရှိ ယာဉ်ထိန်းရဲရုံးတွင် ယနေ့ ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီကျော်ခန့် အချိန်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

"ယာဉ်ထိန်းရဲရုံးနဲ့ ကပ်နေတဲ့ အမှိုက်ပုံကနေ ထပေါက်တာပါ၊ ဗုံးလည်းပေါက်ကော ယာဉ်ထိန်းရဲရုံးထဲမှာ ထိုင်နေတဲ့ ယာဉ်ထိန်းနှစ်ယောက် ပြေးတာ၊ ဘယ်ရောက်သွားလဲတောင် မသိဘူး၊ ယာဉ်ထိန်းရဲရုံးတော့ တော်တော်ပျက်စီးသွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပြီး မိနစ်အနည်းငယ် အကြာတွင် စစ်ကောင်စီတပ်နှင့်ရဲများ ရောက်ရှိလာပြီး ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ရှိ မရှိ အတိအကျ မသိရသေးကြောင်း ဒေသခံက ဆက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly