ထိုင်းနိုင်ငံ နယ်စပ်ဂိတ် ၃ ခုတွင် တရားမဝင်နယ်စပ် ဖြတ်ကျော်သည့် မြန်မာနိုင်ငံသား အယောက်၂၀၀ ကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ နယ်စပ်ဂိတ် ၃ ခုတွင် တရားမဝင်နယ်စပ် ဖြတ်ကျော်သည့် မြန်မာနိုင်ငံသား အယောက်၂၀၀ ကျော် ဖမ်းဆီးခံရ

မဲဆောက်၊ ဇန်နဝါရီ၊ ၁၄

ထိုင်းနိုင်ငံ နယ်စပ်ဂိတ် သုံးခုတွင် ယမန်နေ့ ဇန်နဝါရီလ ၁၃ရက် တစ်ရက်တည်း တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှုဖြင့် မြန်မာ နိုင်ငံသား အယောက်၂၀၀ ကျော်ကို ဖမ်းဆီး အရေးယူထားကြောင်း ထိုင်းနိုင်ငံ ကန်ချနပူရီ အခြေစိုက် သတင်းဌာနနှင့် ရနှောင်းခရိုင် 3rd ရေတပ်စခန်းတို့၏ အွန်လိုင်းစာမျက်နှာပေါ်တွင် ဖော်ပြထား သည်။

ထိုင်းနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံရသည့် မြန်မာ နိုင်ငံသားများသည် ဇန်နဝါရီလ ၁၃ ရက်နေ့ တစ်ရက်တည် ထိုင်းနိုင်ငံ ရနှောင်း ရေလမ်း ခရီးစဉ် နယ်စပ်ဂိတ်တွင် ၁၇ ဦး၊ ကန်ချနဘူရီ ခရိုင်တွင် နေရာ ရှစ်နေရာတွင် ၁၅၂ ဦးနှင့် တာ့ခ်ခရိုင် မဲဆောက် နယ်စပ်ဂိတ်တွင် ၄၉ ဦး စုစုပေါင်း ၂၁၈ ဦးကို ဖမ်းဆီးခံခဲ့သည်ဟု ထိုင်းသတင်းတွင် ဖော်ပြထား သည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်း အာဏာပိုင်များက တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့် အရေးယူရန် ဆောင်ရွက်ထားကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required