ထားဝယ်မြို့နယ်ရှိ Mytel တာဝါတိုင် ဖျက်ဆီးခံရပြီးနောက် ရွာသား ၁ဦး ဖမ်းဆီးခံရ

By ကိုရွှေမြိတ်
12 January 2022
ထားဝယ်မြို့နယ်ရှိ Mytel တာဝါတိုင် ဖျက်ဆီးခံရပြီးနောက် ရွာသား ၁ဦး ဖမ်းဆီးခံရ

ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရှင်ရှင်မုတ္တီးကျေးရွာတွင် စစ်တပ်ပိုင် မိုင်တဲတာဝါတိုင် ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်က ဖျက်ဆီးခံရပြီးနောက် ဒေသခံ ရွာသား တစ်ဦးကို PDF အဖွဲ့အစည်းနှင့် အချိတ်အဆက် ရှိသည်ဟု စွပ်စွဲကာ စစ်ကောင်စီ အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ရှင်မုတ္တီးကျေးရွာတွင် ယမန်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်က အဆိုပါ မိုင်တဲ တာဝါတိုင် မိုင်းဆွဲ တိုက်ခိုက် ဖျက်ဆီးခံရခြင်း ဖြစ်ကာ လက်ရှိ အချိန်အထိ မည့်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

ရှင်မုတ္တီးကျေးရွာနေ ဒေသခံ တစ်ဦးက"မိုင်တဲ တာဝါတိုင် ဖျက်ဆီးခံရတာကို စစ်ကောင်စီ လာစစ်ဆေးတာမျိုး လုပ်ပြီး ရွာသား တစ်ဦး ဖြစ်တဲ့ ဦးမောင်လွင်ကို ဖမ်းဆီးသွားတာ ဖြစ်တယ်"ဟု ပြောသည်။

အဆိုပါ မိုင်တဲ တာဝါတိုင် ဖျက်ဆီးခံရပြီး နောက် ယင်းနေ့ နံနက် ၉ နာရီခွဲခန့် အချိန်တွင် စစ်ကောင်စီတပ်သားများ အခင်း ဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးပြီးနောက် ယင်းသို့ ဖမ်းဆီးသွားကြောင်း ဒေသခံ ရွာသားများထံမှ သိရသည်။

ပုံစာ - ရှင်မုတ္ထီးရွာရှိ Mytel တာဝါတိုင်ယခင်ပုံ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly