တရုတ်စစ်လေယာဉ် ၂ စင်း ထိုင်ဝမ် လေကြောင်းရန် ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ ဝင်ရောက်

တရုတ်စစ်လေယာဉ် ၂ စင်း ထိုင်ဝမ် လေကြောင်းရန် ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ ဝင်ရောက်

တရုတ်စစ်တပ်၏ J-16 လေယာဉ် ၂ စင်းသည် ထိုင်ဝမ်ကျွန်း၏ လေကြောင်း ရန် ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်းသို့ ဇန်နဝါရီ ၇ ရက် ညပိုင်းက ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ် အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

J-16 လေယာဉ် ၂ စင်းသည် ထိုင်ဝမ် ADIZ ဇုန်၏ အနောက်တောင်ဘက်ထောင့်သို့ ဇန်နဝါရီလ ၇ရက် ဝင်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဇုန် အတွင်းသို့ ဇန်နဝါရီလ ၅ရက်ကလည်း တရုတ်လေယာဉ် ၂ စင်းဝင်ရောက်ခဲ့သလို ဇန်နဝါရီ ၄ရက်ကလည်း ၇ စင်း ဝင်ရောက်ခဲ့သေးသည်။

တရုတ်လေတပ်၏ Shenyang J-16 တိုက်လေယာဉ် ၅ စင်း၊ Shaanxi Y-8 အီလက်ထရွန်နစ်စစ်ပွဲလေယာဉ် ၁ စင်းနှင့် Shaanxi Y-8 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လေယာဉ် ၁ စင်းတို့သည် ထိုင်ဝမ် ADIZ ဇုန်၏

အနောက်တောင်ဘက်ထောင့်သို့ ပျံသန်းခဲ့ကြောင်း ထိုင်ဝမ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly