Quad နှင့် AUKUS ကို တန်ပြန်ရန်နှင့် အင်ဒို-ပစိဖိတ်ကို လွှမ်းမိုးရန် တရုတ်က စစ်တပ်ကို ပိုမိုခေတ်မီအောင် လုပ်ဆောင်နေ

Quad နှင့် AUKUS ကို တန်ပြန်ရန်နှင့် အင်ဒို-ပစိဖိတ်ကို လွှမ်းမိုးရန် တရုတ်က စစ်တပ်ကို ပိုမိုခေတ်မီအောင် လုပ်ဆောင်နေ

ထိုင်ဝမ်အရေးတွင် တရုတ်၏ ရန်လိုမှုကို တန်ပြန်ရန် ထိုင်ဝမ်နှင့် အတူရပ်တည်မည်ဖြစ်ကြောင်း အမေရိကန်က ကတိပြုထားသည့်အပြင် ဒေသတွင်း၌ Quad၊ AUKUS နှင့် အမေရိကန်မဟာမိတ်များ၏ တည်ရှိမှု တိုးလာသောကြောင့် အင်ဒို-ပစိဖိတ်ဒေသကို စိုးမိုးရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်ရေး ခေတ်မီရေးအပေါ် အာရုံစိုက် နေကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ .

အင်ဒိုပစိဖိတ်ဒေသတွင်း တရုတ်၏ ရန်လိုမှုကို တန်ပြန်ရန် အမေရိကန်က ကတိပြု ထားခြင်းကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က နှစ်သစ်တွင် စစ်အင်အား စုစည်းရေးနှင့် ခေတ်မီရေးအပေါ် အာရုံစိုက် နေသည်။

လက်နက်ကိုင် တပ်ဖွဲ့များ တပ်ဖြန့်ထားရန် ဗဟိုစစ်ကော်မရှင် အကြီးအကဲ ရှီကျင့်ဖျင်သည် ၂၀၂၂ ခုနှစ်၏ ပထမဆုံး အမိန့်ကို ထုတ်ပြန်ခဲ့သည်။ စစ်တပ် ခေတ်မီစေရန် တရုတ်အစိုးရက အလားတူ အမိန့်ကို ၂၀၂၁ခုနှစ်က လည်း ထုတ်ပြန်ခဲ့သည်။

“တရုတ်နို်ငငံသစ်ကို တည်ထောင်ရန် ကွန်မြူနစ်ပါတီသည် ယခင်ကအရာ အားလုံးကို ဖျက်ဆီး လိုက်သော်လည်း ရှီသည် အတိတ်က တရုတ်အင်ပါယာချဲ့မှုကို အခြေပြုကာ ကွန်ဖြူရှပ်၏ အတွေးအခေါ်ကို ပြန်လည် ဖော်ထုတ်ခြင်းဖြင့်လည်း တရုတ်ဝိသေသလက္ခဏာကို ပြန်လည်ပုံဖော်လျက်ရှိသည်” ဟု ရှီခေတ်၏ တရုတ်ဝိသေသလက္ခဏာများကို လေ့လာသုံးသပ်သူများက အဓိပ္ပာယ်ဖွင့်ဆိုကြကြောင်း Singapore Post သတင်းစာက ဆိုသည်။

ရှီကျင့်ဖျင်က ဘာသာရေးကို တရုတ်ဝိသေသလက္ခဏာနှင့် ကိုက်ညီအောင်ပြုခြင်း၊ ထိုင်ဝမ်ကို ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရေး၊ အင်ဒို-ပစိဖိတ်ဒေသ၊ တောင်တရုတ်ပင်လယ်ဒေသများ၏ နိုင်ငံရေးနှင့် လူဦးရေအပိုင်းအပေါ်တွင် တရုတ်လွှမ်းမိုးမှုရေးနှင့်အတူ စစ်တပ်ခေတ်မီရေးဟူသော အချက် ၄ ချက်ကို တရုတ်သမ္မတက အပြည့်အဝအာရုံစိုက်နေသည်။

အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်၏ သြဇာကြီးထွားလာမှုကြောင့် ရှီကျင့်ဖျင်နှင့် အစိုးရအဖွဲ့သည် ဖိအားများ ခံရနိုင်ပြီး စစ်ရေး ခေတ်မီရေး အမိန့်ကိုလည်း တရုတ်က ပေးနိုင်သည်။

ထို့ကြောင့် တရုတ်သည် အမေရိကန်စစ်တပ်ကို မျှော်မှန်းထားသည်ထက် အလျင်အမြန် အင်အားသာလွန်ရန် လိုအပ်သည်ဟု စစ်ရေးကျွမ်းကျင်သူများက ဆိုသည်။

ယင်းအချက်ကို တရုတ်အစိုးရကသဘောပေါက်ခြင်းကြောင့် ထိုင်ဝမ်လေပိုင်နက်အနီးတွင် ရန်လိုသော စစ်ရေး လေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်နေပြီး ထိုင်ဝမ်နှင့် အမေရိကန်ရေတပ်တပ်ဖွဲ့များကို အချက်ပြ သတိပေးမှုများ လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly