ဘာကြောင့် မြန်မာနိုင်ငံဆီ တရုတ်က ရေငုပ်သင်္ဘော ပေးပို့သလဲ 

ဘာကြောင့် မြန်မာနိုင်ငံဆီ တရုတ်က ရေငုပ်သင်္ဘော ပေးပို့သလဲ 

ဇန်နဝါရီ ၁၁ 

ထိုင်ဝမ်နှင့် ယူကရိန်းအရေး၌ အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှသမ္မတ ဗလာဒီမာပူတင်တို့က တစ်ဦးနှင့် တစ်ဦး ဖေးမထောက်ပံ့သွားရေး ကတိကဝတ် ပြုကြသည်ကို ၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်က ဗီဒီယိုဖိုင်တစ်ခု၌ မြင်တွေ့ရသည်။ 

သို့ရာတွင် အပြန်အလှန်ဆက်ဆံရေး၏ နောက်ဆုံးပိတ်၌ ယှဉ်ပြိုင်မှုကဏ္ဍများလည်း အပါအဝင် ဖြစ်သည်။ (အမေရိကန်၏ Boeing နှင့် ဥရောပ၏ Airbus တို့နှင့် ယှဉ်ပြိုင်မှုဟု သုံးသပ်ရမည်) 

နောက်ပိုင်း ကိုးရက်အကြာ၌ မော်စကိုထက် ပေကျင်းက နှာတစ်ဖျား သာသွားခဲ့သည့် ယှဉ်ပြိုင်မှု ပုံရိပ် ပေါ်ထွက်လာခဲ့သည်။ မြန်မာနိုင်ငံ ရေတပ်ထံ မင်းရဲကျော်ထင်ဆိုသည့် တရုတ်လုပ် ရေငုပ်သင်္ဘော ပေးပို့လာခဲ့ခြင်း ဖြစ်သည်။   

၂၀၀၀ ခုနှစ်များ အစောပိုင်းမှစကာ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အိမ်နီးချင်းများဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်တို့နှင့် ပုခုံးတန်းနိုင်ရေးအတွက် ရေငုပ်သင်္ဘောအုပ်စု ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းလာခဲ့သည်။ 

သို့ရာတွင် မြန်မာနိုင်ငံ၏ ရေငုပ်သင်္ဘော ဝယ်ယူမှုက အကန့်အသတ် ရှိနေသည်။ အလွန်ဆိုးဝါးသော လူ့အခွင့်အရေး မှတ်တမ်းကြောင့် မြန်မာအပေါ် လက်နက်တင်ပို့မှုကို အီးယူက ကန့်သတ်ပိတ်ပင်ထားရာ ဂျာမနီ၊ ပြင်သစ်နှင့် ဆွီဒင်တို့ထံမှ ရေငုပ်သင်္ဘော ဝယ်ယူရေးမှာ မဖြစ်နိုင်ဘဲ ရှိသည်။ 

အလားတူ အကြောင်းရင်းခံကြောင့်ပင် ဂျပန်နှင့် တောင်ကိုရီးယားတို့ကလည်း မြန်မာဆီ ရေငုပ်သင်္ဘော ရောင်းချခြင်း မပြုကြပေ။ 

ထိုအတွက် မြန်မာ၏ ပထမနှင့် ဒုတိယ အကြီးဆုံး လက်နက်တင်သွင်းသူများအဖြစ် ရှိထားပြီးသား တရုတ်နှင့် ရုရှအတွက် အခွင့်အလမ်းသာတော့သည်။ 

ရုရှက ရှေ့ဆောင် 

ရုရှက နှာတစ်ဖျား သာပုံ ရှိခဲ့သည်။ ၂၀၂၀ အောက်တိုဘာလအတွင်း မော်စကိုသည် ဆိုဗီယက်ခေတ် ကီလိုအမျိုးအစား ရေငုပ်သင်္ဘောတစ်စင်းကို မြန်မာရေတပ်သို့ ပေးပို့ရေး အိန္ဒိယအား ခွင့်ပြုပေးခဲ့သည်။ 

ထို ရေငုပ်သင်္ဘောမှာ အိန္ဒိယရေတပ်၌ အမှုထမ်းနေသည်မှာ ၃၂ နှစ်တာ ကြာမြင့်ပြီဖြစ်သော်လည်း မြန်မာသို့ မရောင်းချမီ ပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။ အိန္ဒိယနိုင်ငံက ရောင်းချမှုအတွက် ရေငုပ်သင်္ဘော တည်ဆောက်ခြင်း မရှိပေ။ 

ထို ရောင်းချမှုသည် အိန္ဒိယရော၊ ရုရှအတွက်ပါ အကျိုးစီးပွားပဲ ဖြစ်သည်။ မြန်မာသည် အိန္ဒိယထံမှ ယင်း ရေငုပ်သင်္ဘောကို ဝယ်ယူခြင်းသည် တရုတ်၏ ဩဇာကို တန်ပြန်ရန်အတွက် အိန္ဒိယနှင့် ခိုင်မာသော စစ်ရေးဆက်ဆံမှု တည်ဆောက်လို၍ ဖြစ်သည်။ 

ရုရှအတွက်မူ ၎င်း၏ နည်းပညာသုံး အိန္ဒိယရေငုပ်သင်္ဘောကို အသုံးဝင်သော လေ့ကျင့်သင်တန်းပေးခြင်းအပါအဝင် မြန်မာသို ရောင်းချရာ၌ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ရုရှ၏ မျှော်လင့်ချက်မှာ ၎င်းထံမှ မြန်မာနိုင်ငံက ရေငုပ်သင်္ဘောအသစ်တစ်စင်း ဝယ်ယူလာဖြစ်မည်ဟု မျှော်လင့်ချက် ထားခြင်းပင် ဖြစ်သည်။ 

နောက်ပိုင်း မကြာမီမှာပင် မြန်မာသည် ခေတ်မီ ကီလိုအမျိုးအစားဟု တစ်ခါတစ်ရံ ရည်ညွှန်းကြသော Varshavyanka အမျိုးအစား ရေငုပ်သင်္ဘော တစ်စီးနှင့် အထက် ဝယ်ယူရေး ရုရှနှင့် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်လာသည်။ 

ဗီယက်နမ်တွင် ထိုအမျိုးအစား ရေငုပ်သင်္ဘော ခြောက်စင်း ရှိထား၍ တောင်တရုတ်ပင်လယ်၌ တရုတ်ကို ဟန့်ထားနိုင်သည်။ 

ရုရှနိုင်ငံမှာ ဗီယက်နမ်နိုင်ငံလို အကြီးဆုံး ဒေသတွင်း ဝယ်လက်ရှိရာ အခြားသော အရှေ့တောင်အာရှနိုင်ငံများထံ လက်နက်ရောင်းချရမှု ကျဆင်းနေခြင်းကို အဖတ်ဆည်လိုပြီး မြန်မာဆီ ရေငုပ်သင်္ဘော ရောင်းချနိုင်ရေးကို အာသီတ ပြင်းပြနေသည်။ မြန်မာစစ်အာဏာရှင်အုပ်စု၏ နံပါတ် လက်နက်တင်သွင်းသည် တရုတ်ထက် ကျော်လွန်လိုနေသည်။ 

တရုတ်၏ တန်ပြန်မှု 

တရုတ်နိုင်ငံက ရှေ့ခြေလှမ်း မတိုးသည့်ဟန် ရှိနေသည်။ သို့ရာတွင် ရုရှ၏ ခြေလှမ်းများက စီးပွားရေးအရပဲလားဆိုသည်ကို ထောက်ရင်း တရုတ်၏ သဘောထားမှာ ပထဝီနိုင်ငံရေးအပေါ်သာ ရပ်တည်ထားသည်။ မြန်မာစစ်ဗိုလ်ချုပ်ကြီးများအပေါ် ဩဇာ ဆက်လက်ကြီးစိုးရေးပင်။ 

၂၀၂၀ တွင် မြန်မာဆီ အိန္ဒိယက ရေငုပ်သင်္ဘော ပေးပို့ချိန်၌ တရုတ်သည် ထို အရောင်းအဝယ်နှင့် ပတ်သက်ကာ အသံထွက်ပြလာခဲ့သည်။ ယင်း အရောင်းအဝယ်သည် ရန်စခြင်းဟာ Global Times က ခေါ်ဆိုပြီး ‘သက်တမ်းလွန်၊ အနားပေးရမည့်’ ရေငုပ်သင်္ဘောအဖြစ် ရှုတ်ချခဲ့သည်။ 

သို့ရာတွင် တရုတ်ထံမှ မြန်မာနိုင်ငံ ရရှိသော ရေငုပ်သင်္ဘောမှာ စမ်းဆောင်ရည်အရာ၌ ထိုထက်ပင် ပို၍ မကောင်းမွန်ရာ ငြင်းခုံအတင်းဆိုခြင်းက ဆိုးဝါးမှုသက်သက်သာ ဖြစ်တော့သည်။ 

မင်းရဲကျော်ထင် ရေငုပ်သင်္ဘောသည် Type -35B Ming အမျိုးအစားဖြစ်ပြီး ၂၀၀၀ ခုနှစ်များက ဝူဟန်တွင် တည်ဆောက်ခဲ့သည်။ Ming အမျိုးအစား ရေငုပ်သင်္ဘောများသည် ဆိုဗီယက်က ၁၉၅၀ ခုနှစ်များက တည်ဆောက်သော Romeo အမျိုးအစား ရေငုပ်သင်္ဘောများ၏ မျိုးကွဲဖြစ်သည်။ 

တရုတ်ပြည်သူ့တပ်မတော်၏ ရေတပ်သည် ၂၀၀၃ ခုနှစ်အတွင်း၌ 035B ရေငုပ်သင်္ဘောတစ်စင်းအား ရေတပ်သား ၇၀ အပါအဝင် ပင်လယ်ဝါအတွင်း၌ မတော်တဆမှုဖြစ်ပြီး ဆုံးရှုံးထားခဲ့ဖူးသည်။ 

လက်ရှိ၌ တရုတ်သည် Ming အမျိုးအစား ရေငုပ်သင်္ဘောများကို ပို၍ ခေတ်မီအောင် တဖြည်းဖြည်း မြှင့်တင်လာလျက် ရှိသည်။ ၂၀၁၆ ခုနှစ်အတွင်း၌ Type 035Gs ရေငုပ်သင်္ဘောနှစ်စင်းကို အသစ်မွမ်းမံပြင်ဆင်ပြီး ဘင်္ဂလားဒေ့ရှ်ရေတပ်အား လျှော့ဈေးပေါ့ဈေးဖြင့် အမေရိကန်ဒေါ်လာ ၂၀၃ သန်းနှင့် ရောင်းချခဲ့သည်။ 

မြန်မာထံ မပေးပို့မီ၌ တရုတ်သည် မင်းရဲကျော်ထင်ကို အဆင့်မြှင့်တင်ခဲ့သည်။ မြန်မာအား ယင်း ရေငုပ်သင်္ဘောအား ရောင်းချသည်လား၊ အခမဲ့ ပေးခြင်းလားဆိုသည်ကို သေချာစွာ မသိရသေးပေ။ 

သို့ရာတွင် ရေငုပ်သင်္ဘောများဖြင့် မြန်မာရေတပ်၏ လာမည့် မျိုးဆက်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်မည့် တရုတ်အတွက် တစ်ပတ်ရစ် Ming အမျိုးအစား ရေငုပ်သင်္ဘောထက် ပို၍ သင့်တော်သည်ကို ပေးလိမ့်မည် ဖြစ်သည်။ 

ပို၍ ရွေးချယ်စရာ ဖြစ်နိုင်သည်မှာ တရုတ်သည် မြန်မာစစ်ဗိုလ်ချုပ်ကြီးများအား ဒီဇယ်-လျှပ်စစ် Type 041Yuan အမျိုးအစားဖြစ်သည့် ပြည်ပတင်ပို့ရာ နောက်ဆုံးထုတ် ရေငုပ်သင်္ဘော မျိုးကွဲကို ပေးလိမ့်မည်ဖြစ်သည်။ 

အဆိုပါ အမျိုးအစား ရေငုပ်သင်္ဘောကို ထိုင်းနိုင်ငံသို့ ၂၀၁၇ ခုနှစ်၌ တရုတ်သည် ဒေါ်လာ ၁ ဒသမ ၀၃ သန်းဖြင့် ရောင်းချထားသည့် ဖြစ်ရပ်ကို ပြန်ပြောင်းအမှတ်ရစရာ ဖြစ်သည်။ 

ရုရှက ထိုင်းနိုင်ငံကို ရေငုပ်သင်္ဘော ရောင်းချရရေး သွေးဆောင်ခဲ့သော်လည်း တရုတ်ကို အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။ တရုတ်သည် တိုက်ခိုက်ရေးစနစ်၊ တော်ပီဒို၊ လေ့ကျင့်သင်တန်းပေးခြင်းနှင့် သက်သာသော ငွေပေးချေမှုကာလတို့ဖြင့် ရေငုပ်သင်္ဘော သုံးစင်းကို နှစ်စီးစာ တန်ဖိုးဖြင့် ထိုင်းနိုင်ငံသို့ ရောင်းချလိုက်နိုင်ခြင်း ဖြစ်သည်။ 

ထို သုံးစင်းအနက် တစ်စင်းကို လက်ရှိ၌ ဝူဟန်တွင် တည်ဆောက်နေပြီဖြစ်ပြီး ၂၀၂၃ တွင် ထိုင်းသို့ ပေးပို့ရန် စီစဉ်ထားသည်။ 

ဒုတိယနှင့် တတိယ ရေငုပ်သင်္ဘောများအတွက် ငွေပေးချေမှုကို COVID-19 ကပ်ဘေးကြောင့် စီးပွားရေး ကျဆင်းသဖြင့် ၂၀၂၁ ခုနှစ်၌ ပြန်လည်ညှိနှိုင်းခဲ့ကြသော်လည်း ပန်းတိုင်ဦးတည်ထားသည်မှာ ရေငုပ်သင်္ဘောအားလုံး ၂၀၂၆ တွင် တပ်တော်ဝင်နိုင်ရေးပင် ဖြစ်သည်။ 

တရုတ်နှင့် ရုရှက အနိုင်ရသူအဖြစ် မည်သည့်နိုင်ငံ ထွက်ပေါ်လာမည်က မရေမရာ ရှိနေသည်။ 

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ နှစ်သက်လိုလားမှုက ရုရှထုတ် လက်နက်ပစ္စည်းများပင် ဖြစ်သည်။ ဇွန်လအတွင်းက သူသည် ရုရှရှိ လက်နက်စက်ရုံများသို့ သွားရောက်လည်ပတ်ခဲ့သော်လည်း တရုတ်သို့ သွားရောက်ခြင်း မရှိသေးပေ။ 

ရုရှစစ်လက်နက်များကို မင်းအောင်လှိုင်က ပို၍ နှစ်သက်လိုလားပုံ ရသည်မှာ တရုတ်ထုတ်ထက် အရည်အသွေး ပိုကောင်းခြင်းအပြင် သူ့အနေဖြင့် တရုတ်အပေါ် အလွန်အမင်း မှီခိုနေရခြင်း မဖြစ်စေရန်လည်း ဖြစ်သည်။ 

တရုတ်နိုင်ငံသည် စီးပွားရေး ဖြည့်တင်းရေးအတွက် ဗိုလ်ချုပ်ကြီးများ အာသီသ ပြင်းထန်နေသော ရေငုပ်သင်္ဘောများ ရောင်းချနိုင်ရေးကို အားထားဖွယ်ရာ ရှိနေသည်။ 

မြန်မာအတွက်လည်း တရုတ်ထံမှ ရေငုပ်သင်္ဘောများ ဝယ်ယူကာ ရုရှထံမှ တိုက်လေယာဉ်များ ဝယ်ယူခြင်းဖြင့် ပါးနပ်လိမ္မာစွာ ဟန်ချက်ထိန်းနိုင်လိမ့်မည် ဖြစ်သည်။ (ဖြစ်နိုင်သည်က SU-35 တိုက်လေယာဉ်များပင်။ ယင်းလေယာဉ်များကို အင်ဒိုနီးရှားက ဝယ်ယူမည် သဘောတူပြီးမှ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ခြိမ်းခြောက်မှုကြောင့် ကတိပျက်ပြယ်ခဲ့ရသည်။) 

မြန်မာအား ရေငုပ်သင်္ဘော ရောင်းချနိုင်ရေး တရုတ်နှင့် ရုရှ မည်သည့်နိုင်ငံပဲ အနိုင်ရသည် ဖြစ်ပါစေ ရှင်းလင်းသေချာသည်ကတော့ တရုတ်ရော၊ ရုရှပါ မြန်မာအား လက်နက်မရောင်းချရေး တစ်ကမ္ဘာလုံးက တားမြစ်ပိတ်ပင်ရန် အမေရိကန်၏ မကြာသေးခင်က တိုက်တွန်းချက်အား လိုက်နာရန် ရည်ရွယ်ချက် လုံးလုံးမရှိကြခြင်းပင် ဖြစ်သည်။ ပထဝီ စီးပွားရေးကသာ ရုရှနှင့် တရုတ်အတွက် အခရာ ဖြစ်တော့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required