ပုသိမ်မြို့၌ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည့် လူငယ် ၂ ဦး ဒုတိယအကြိမ် ဖမ်းဆီးခံရ

ပုသိမ်မြို့၌ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည့် လူငယ် ၂ ဦး ဒုတိယအကြိမ် ဖမ်းဆီးခံရ

ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်း ၊ပုသိမ်မြို့၊ အမှတ် (၁၂) ရပ်ကွက် ရေကြည်ဦးအရပ်၌ နေထိုင်ပြီး စစ်အာအဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် Medical Cover အဖြစ် ပါဝင်ခဲ့သူ လူငယ်နှစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ ရဲများက ဇန်နဝါရီလ ၇ ရက်နေ့တွင် လာရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

အသက် (၂၀) ဝန်းကျင် လူငယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ဆန္ဒပြမှုများ ဖြိုခွင်းခံရပြီးနောက် စစ်တပ်နှင့် ရဲများက ဖမ်းဆီးစစ်ဆေးခဲ့ရာ မိဘများ ခံဝန်လက်မှတ် ရေးထိုးသဖြင့် ပြန်လည် လွတ်မြောက်လာပြီး ယခု ဒုတိယအကြီမ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဒီကလေးတွေက ဆန္ဒပြတဲ့ အချိန်တွေတုန်းကဘဲ ဆေးအကူ လိုက်လုပ်ခဲ့တဲ့ ကလေးတွေပါ၊ ခံဝန် လက်မှတ်ထိုးပြီး ပြန်လွတ်လာတော့ နိုင်ငံရေး ဘာမှမလုပ်ဘဲ သူတို့အလုပ်လေးတွေ ဆက်လုပ်နေတာကို လာဖမ်းသွားတာပါ၊ ဘာကြောင့် ထပ်ဖမ်းသွားတယ် မသိဘူး" ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူ လူယ်နှစ်ဦးအတွက် မိဘများ စိုးရိမ်နေကြောင်း၊ ပုသိမ်မြို့တွင် ရဲသတင်းပေး ဒလန်များကြောင့် ပြည်သူများ မကြာခဏ ဖမ်းဆီးခံနေရကြောင်း ဒေသခံ၏ အဆိုအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly