ထားဝယ်မြို့တွင် စစ်တပ်ဖမ်းဆီးမည့် အမျိုးသမီးကိုမတွေ့၍ အကိုဖြစ်သူကို ဖမ်းဆီး

ထားဝယ်မြို့တွင် စစ်တပ်ဖမ်းဆီးမည့် အမျိုးသမီးကိုမတွေ့၍ အကိုဖြစ်သူကို ဖမ်းဆီး

ဇန်နဝါရီလ ၉ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မြောင်းပုလဲရပ်ကွက် ရှင်ကြီးအိမ်(ဒေသအခေါ်နတ်ကွန်း) နောက်လမ်းတွင် ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက အလိုရှိသူ အမျိုးသမီး တစ်ဦးကို လာရောက် ဖမ်းဆီးစဉ် မတွေ့ရှိ၍ အကိုဖြစ်သူကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မြို့ခံများထံမှ သိရသည်။

မြောင်းပုလဲရပ်ကွက် ရှင်ကြီးအိမ် နောက်လမ်းတွင် ဇန်နဝါရီ ၉ ရက် နံနက် ၈ နာရီခန့် အချိန်တွင် ဒေါ်ချိုလွင် ဆိုသူကို စစ်ကောင်စီက လာရောက် ဖမ်းဆီးခြင်း ဖြစ်ပြီး နေအိမ်အတွင်း အလိုရှိသူကို ဝင်ရောက် ရှာဖွေရာ မတွေ့၍ အကိုဖြစ်သူ ဦးသန်းအေးကို ဓားစားခံ အဖြစ်ပြုလုပ်ကာ ဖမ်းခေါ်သွားကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

"အိမ်စီးကား တစ်စီး၊ ဆိုင်ကယ်ငါးစီး လောက်နဲ့ အိမ်မှာ လာစစ်ဆေးပြီး ဖမ်းသွားတယ်။ သူညီမက အိမ်မှာ မနေတာကြာပြီ ဖြစ်တယ်"ဟု ၎င်းက ပြောသည်။

အဆိုပါ ဓားစားခံအဖြစ်ပြုလုပ်၍ ဖမ်းဆီးခြင်း ခံရသူ ဒေါ်ချိုလွင်၏ အကိုဖြစ်သူသည် ယခင်က တရားလွှတ်တော် အရှေ့နေဖြစ် တာဝန် ထမ်းဆောင်ဖူးသူ တစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required