ပါကစ္စတန်၏ မြောက်ပိုင်းဝါဇီရစ္စတန် ပစ်ခတ်မှုတွင် စစ်သား ၄ ဦး သေဆုံး

ပါကစ္စတန်၏ မြောက်ပိုင်းဝါဇီရစ္စတန် ပစ်ခတ်မှုတွင် စစ်သား ၄ ဦး သေဆုံး

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ထောက်လှမ်းရေး သတင်းအချက်အလက်အပေါ် အခြေပြုပြီး မြောက်ပိုင်းဝါဇီရစ္စတန်ဒေသ၏ မျိုးနွယ်စု ခရိုင်တစ်ခုဖြစ်သည့် မီအာအလီ ဧရိယာ၌ လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးတစ်ခုတွင် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

ဒီဇင်ဘာ ၂၄ ရက်ကလည်း ဘာလိုချီစတန်ပြည်နယ် ကက်ချ် ခရိုင် တိုက်ခိုက်မှုတွင် စစ်သားနှစ်ဦး သေဆုံးခဲ့သေးသည်။

အလားတူ ဒီဇင်ဘာ ၁၄ ရက်ကလည်း ဘာလိုချီစတန်ရှိ ပါကစ္စတန်-အီရန် နယ်စပ်အနီး စစ်ဆေးရေးဂိတ်တစ်ခုအနီး ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly