ကန်ပက်လက်မြို့တပ်တွင်းပစ်ခတ်မှု တပ်ရင်းမှူးနှင့် တပ်ရေးဗိုလ်ကြီးအပါအဝင် ၄ဦးသေဆုံး

ကန်ပက်လက်မြို့တပ်တွင်းပစ်ခတ်မှု တပ်ရင်းမှူးနှင့် တပ်ရေးဗိုလ်ကြီးအပါအဝင် ၄ဦးသေဆုံး

ဇန်နဝါရီ ၉

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ နံနက်၉နာရီခွဲအချိန်ခန့်က အချင်းချင်းစကားများပြီးပစ်ခတ်မှုဖြစ်ပွားခဲ့ရာတပ်ရင်းမှူးအပါအဝင် တပ်ရေးဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးနှင့်တပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

''ဘယ်လိုကနေစဖြစ်တာလဲဆိုတာတော့မသိနိုင်သေးဘူး၊ တပ်ကြပ်ကြီးကပစ်တာလို့ပြောတယ်။ သူလည်းသေသွားတယ်။ သူ့ကိုလည်းဝိုင်းပစ်ကြတယ်ထင်တယ်။အခုသေသွားတယ်ဆိုတဲ့ တပ်ရင်းမှူးက သဘောထားပျော့ပြောင်းတဲ့သူလို့လည်းသိရတယ်။''ဟု မြေပြင်ရှိသတင်းရင်းမြစ်များထံမှသိရသည်။

ကန်ပက်လက်မြို့တွင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းနှင့် ရန်အောင်ရတနာစေတီကုန်းတို့တွင် စစ်တပ်မှတပ်စွဲထားရှိပြီး အင်တာနက်လိုင်းများဖြတ်တောက်ထားခြင်းကြောင့် ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly