ထားဝယ်မြို့တွင် သံဃာတော် ၁ ပါး ဆွမ်းဘုဥ်းပေးနေစဉ် သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဖမ်းဆီးခံရ 

ထားဝယ်မြို့တွင် သံဃာတော် ၁ ပါး ဆွမ်းဘုဥ်းပေးနေစဉ် သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဖမ်းဆီးခံရ 

ဇန်နဝါရီလ ၈ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပိနွဲတောရပ်ကွက် ရှင်ကြီးအိမ်လမ်းတွင် ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက် ၈ နာရီက နေအိမ် တစ်အိမ်၌ ဆွမ်းဘုဉ်း ပေးနေသည့် သံဃာတော် တစ်ပါးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်တို့က သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မြို့ခံများထံမှ သိရ သည်။ 

ထားဝယ်မြို့ခံ တစ်ဦးက" ဘုန်းကြီး ဒကာအိမ်က ဖိတ်ထားလို့ ခေါက်ဆွဲသုပ် လာသုံးဆောင်နေတာ ဖြစ်တယ်။  အိမ်ရှေ့မှာ ဆိုင်ကယ်နဲ့ လာပြီး သေနတ်နဲ့ ဝင်လာပြီး လက်ထိတ်ခတ် ဖမ်းသွားတယ်"ဟု ပြောသည်။ 

အဆိုပါ ဖမ်းဆီးခံရသည့် သံဃာ၏ လူအမည်မှာ ကိုစုကန်းဆိုသူ ဖြစ်ပြီး မည်သည့်ကြောင့်ဖမ်းဆီးခံရခြင်းကို မသိကြောင်း ပိနွဲတောရပ်ကွက်နေထိုင်သူက ဆိုသည်။ 

လက်ရှိတွင် ဖမ်းဆီးသွားသည့်အဆိုပါ သံဃာတော်ကို မည်သည့်နေရာတွင် ဖမ်းဆီး ချုပ်​နှောင်ထားသည်ကို မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required