စားအုန်းဆီတင်သွင်းမှု တန်ဖိုး မြင့်တက်မှုက ပါကစ္စတန်၏ ကုန်သွယ်လိုငွေပြမှု ပြဿနာကို ပိုဆိုးစေ

စားအုန်းဆီတင်သွင်းမှု တန်ဖိုး မြင့်တက်မှုက ပါကစ္စတန်၏ ကုန်သွယ်လိုငွေပြမှု ပြဿနာကို ပိုဆိုးစေ

စားအုန်းဆီ တင်သွင်းမှု တန်ဖိုးများ မြင့်တက်မှုက ပါကစ္စတန်နိုင်ငံ၏ ကုန်သွယ်မှု လိုငွေပြမှု ပြဿနာကို ပိုဆိုးစေခဲ့သည့်အပြင် လက်ရှိတွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေရသလို ပြည်ပချေးငွေများအပေါ် ယင်း၏ မှီခိုနေရမှုကလည်း တိုးမြင့်လျက် ရှိသည်။

စားဆီသည် ပါကစ္စတန်တွင် မရှိမဖြစ် လိုအပ်သော စားသောက်ကုန်တစ်မျိုး ဖြစ်ပြီး ယင်း၏ စုစုပေါင်း လိုအပ်ချက်၏ ၈၀-၉၀ ရာခိုင်နှုန်းကို အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ တင်သွင်းသော စားအုန်းဆီဖြင့် ဖြည့်ဆည်းနေရကြောင်း Daily Times က ဖော်ပြသည်။

အမေရိကန် စိုက်ပျိုးရေးဌာန (USDA) ၏ ခန့်မှန်းချက်များအရ ပါကစ္စတန်တွင် နိုင်ငံသားတစ်ဦးချင်း ဟင်းချက်ဆီ စားသုံးမှုက ၂၄ ကီလိုဂရမ် ဖြစ်သည်ဟု သိရသည်။

ပါကစ္စတန်တွင် ပြည်တွင်းသို့ တင်သွင်းသည့် စားအုန်းဆီကို vanaspati ghee ၊ ချောကလက်များ၊ ဆပ်ပြာ နှင့် အမျိုးမျိုးသော မုန့်ဖုတ်ပစ္စည်း များကဲ့သို့ ကုန်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်ရာတွင် အသုံးပြုနေသည်။

ထို့ပြင် နိုင်ငံတကာ အထောက်အပံ့နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အခြေအနေအရ ပံ့ပိုးသည့် အစီအစဉ်များအပေါ် အလွန်အကျွံ မှီခိုနေရသည့် မခိုင်ခံ့သော စီးပွားရေးတစ်ခု ရှိနေသည့် ပါကစ္စတန်ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံသည် လမ်းကြောင်း အများအပြားတွင် ထိခိုက်မှုများနှင့် ကြုံထားခဲ့ရသည်။

ထို့ပြင် ယင်းနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေပြီး လျှပ်စစ်ကလည်း ပို၍ ပို၍ ဈေးကြီးလာသလို ဓာတ်ငွေ့ကိုလည်း ခွဲတမ်းချရရန် ရှိနေသည်။

ဈေးကွက်ထဲတွင် စားဆီများ၊ အထူးသဖြင့် စားအုန်းဆီ၏ တင်သွင်းမှု တန်ဖိုးပိုင်း မကြာသေးခင်က မြင့်တက်ထားမှုနှင့်ပတ်သက်ပြီး စားအုန်းဆီ တင်သွင်းသူများနှင့် ပါကစ္စတန် vanaspati ထုတ်လုပ်သူများ အသင်း (PVMA) က ကျယ်လောင်စွာ ထုတ်ဖော်ထားခဲ့ကြောင်း Daily Times က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly