မက္ကဆီကိုက တရုတ်ကာကွယ်ဆေးကုမ္ပဏီမှ အမှာစာ ထက်ဝက်ကျော် ဖြတ်တောက်

မက္ကဆီကိုက တရုတ်ကာကွယ်ဆေးကုမ္ပဏီမှ အမှာစာ ထက်ဝက်ကျော် ဖြတ်တောက်

တရုတ်ကာကွယ်ဆေးကုမ္ပဏီ CanSino Biologics က ကာကွယ်ဆေးများကို သဘောတူထားသည်ထက် များစွာလျော့နည်း၍ ပေးပို့မည်ဖြစ်ခြင်းကြောင့် မက္ကဆီကိုနိုင်ငံက ၂၀၂၂ခုနှစ် အစောပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအမှာစာကို ထက်ဝက်ကျော်လျှော့ချလိုက်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူ ၃ ဦးက ဒီဇင်ဘာ၂၉ရက်တွင် ပြောကြားသည်။

အခြားနေရာများမှ ဆေးဝါးများ ပိုမိုရရှိရန် ကြိုးပမ်းနေခြင်းကြောင့် တရုတ်မှ ကာကွယ်ဆေးမှာယူမှုကို ယခင် ၃၅ သန်းမှ ၁၄ ဒသမ ၅ သန်းသို့ လျှော့ချ မှာယူမည်ဟု မက္ကဆီကိုက CanSino ကုမ္ပဏီကို ဇူလိုင်လကပင် အကြောင်းကြားထားပြီး ဖြစ်ကြောင်း ယင်းကိစ္စအကြောင်း ဆွေးနွေးမှုနှင့် နီးစပ်သူ မက္ကဆီကို တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

CanSino ကာကွယ်ဆေး ပထမအသုတ်သည် မတ်လတွင် မက္ကဆီကိုသို့ ရောက်ရှိလာခဲ့ပြီး ၎င်းတို့အနက်မှ ကာကွယ်ဆေး ၁၄ ဒသမ ၁ သန်းနီးပါးကို မက္ကဆီကိုအလယ်ပိုင်းကွာရီတာရို ပြည်နယ်တွင် ပုလင်းများဖြင့် ပြန်လည်ထုပ်ပိုး သိမ်းဆည်းထားသည်။

မက္ကဆီကို ကျန်းမာရေးဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ခုက CanSino သည် မူလသဘောတူထားသည့် အတိုင်း စက်တင်ဘာလတွင် ကာကွယ်ဆေး ၃၅သန်းကို ထုတ်ပေးနိုင်မည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ဖြစ်လာသောအခါ မက္ကဆီကိုက ယင်း၏ သဘောတူညီချက်ကို ပြင်ဆင်ခဲ့ကြောင်းပြောကြားခဲ့သည်။

စာချုပ်သက်တမ်းကို ပြန်လည်ပြင်ဆင်ချုပ်ဆိုမည်မဟုတ်ကြောင်း သတင်းရင်းမြစ်က ဆက်လက်ပြောသည်။

အမေရိကန်က မက္ကဆီကိုသို့ ကာကွယ်ဆေးများ ထပ်မံပေးပို့ရန် မကြာသေးမီက သဘောတူညီခဲ့ပြီး ယခုအခါ ဆေးပေါင်း သန်း ၂၀ဝ ခန့် ရရှိပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required