တရုတ်တွင် ဘောလုံးသမားများ တက်တူးမထိုးရန် တားမြစ်ခံရ

တရုတ်တွင် ဘောလုံးသမားများ တက်တူးမထိုးရန် တားမြစ်ခံရ

လူ့အဖွဲ့အစည်းအတွက် စံနမူနာကောင်းတစ်ခုချမှတ်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်တွင် ဘောလုံးသမား များကို တက်တူးမထိုးရန် တားမြစ်လိုက်ပြီး ထိုးပြီးသားသူများကို ပြန်ဖျက်ရန် သို့မဟုတ် ဖုံးအုပ်ရန် အမိန့်ထုတ်ပြန် ထားသည်။

တရုတ်အားကစား အထွေထွေ အုပ်ချုပ်ရေးအဖွဲ့(GAS) မှ ထုတ်ပြန်သည့် အဆိုပါ ညွှန်ကြားချက်တွင် နိုင်ငံ အသင်း ကစားသမားများအတွက် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းပြထားကြောင်း CNN သတင်းတွင် ဖော်ပြခဲ့သည်။

ယခု ရက်သတ္တပတ်အစောပိုင်းက ထုတ်ပြန်ခဲ့သည့် အဆိုပါအမိန့်စာကို ဘောလုံးကစားသမားများအပေါ် စီမံခန့်ခွဲမှု အားကောင်းစေရန် အကြံပြုချက်များဟု အမည်ပေးထားသည်။

"နိုင်ငံ့လက်ရွေးစင်အသင်းနှင့် အသက် ၂၃ နှစ်အောက် လက်ရွေးစင်အသင်း အားကစားသမားများအား တက်တူးအသစ်ထိုးခြင်းအား တင်းကျပ်စွာ တားမြစ်ထားသည်" ဟု အမိန့်စာက ဆိုသည်။

"တက်တူးရှိသူများသည် တက်တူးများကို ကိုယ်တိုင် ဖယ်ရှားရန် အကြံပြုထားသည်။ အထူး အခြေအနေများ အတွက် အသင်း၏ ခွင့်ပြုချက်ရပြီးနောက် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲအတွင်း တက်တူးများကို ဖုံးအုပ်ထားရမည်" ဟု ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

အသက် ၂၀ နှစ်အောက် အမျိုးသားအသင်းများကို တက်တူးထိုးထားသော အားကစား သမားအသစ်များ ခေါ်ယူခြင်းမပြုရန် ညွှန်ကြားချက်တွင် တားမြစ်ထားသည်။

GAS ၏ ထုတ်ပြန်ချက်တွင် ဤဆောင်ရွက်မှုသည် "တရုတ်ဘောလုံးကစားသမားများ၏ အပြုသဘော ဆောင် သော စိတ်ဓာတ်ကို အပြည့်အဝပြသပြီး လူ့အဖွဲ့အစည်းအတွက် စံနမူနာကောင်းတစ်ခု ဖြစ်စေရန်" ဟု ဆိုသည်။

၂၀၁၈ ခုနှစ်တွင်လည်း တရုတ်မီဒီယာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ရုပ်မြင်သံကြားတွင် "တက်တူးထိုးထား သော သရုပ်ဆောင်များကို မဖော်ပြသင့်ကြောင်း" အမိန့်ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly