ကုန်ကြမ်းဈေးနှုန်းများ ကျဆင်းမှုကြောင့် တရုတ်စက်မှုလုပ်ငန်းများ အမြတ်ငွေ တိုးတက်မှုကျဆင်း

ကုန်ကြမ်းဈေးနှုန်းများ ကျဆင်းမှုကြောင့် တရုတ်စက်မှုလုပ်ငန်းများ အမြတ်ငွေ တိုးတက်မှုကျဆင်း

ကုန်ကြမ်းဈေးနှုန်းများ ကျဆင်းခြင်း၊ အိမ်ခြံမြေဈေးကွက် ကျဆင်းခြင်းနှင့် စားသုံးသူများ၏ ဝယ်လို အား အားနည်းခြင်းတို့ကြောင့် တရုတ်စက်မှုလုပ်ငန်းများ၏ အမြတ်အစွန်းများသည် နိုဝင်ဘာလတွင် လျော့နည်းလာကြောင်း စာရင်းအင်း ဗျူရိုက ဒီဇင်ဘာ ၂၇ရက်တွင် ပြောကြားခဲ့သည်။

အမြတ်ငွေသည် နိုဝင်ဘာလတွင် နှစ်အလိုက်နှိုင်းယှဉ်ပါက ယွမ်ငွေ ၈၀၅ ဒသမ ၉၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၂၆ ဒသမ ၅၄ ဘီလီယ) ဖြစ်သော ၉ ဒသမ ဝ ရာခိုင်နှုန်းတိုးလာပြီး အောက်တိုဘာလတွင်မူ ၂၄ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။

ဇန်နဝါရီမှ နိုဝင်ဘာလအတွင်း စက်မှုလုပ်ငန်းများ၏ အမြတ်ငွေသည် နှစ်အလိုက်တိုးတက်မှုတွင် ၃၈ ဒသမ ဝ ရာခိုင်နှုန်းဖြစ်သော ယွမ် ၇ ဒသမ ၉၈ ထရီလီယံတိုးလာပြီး ၂၀၂၁ ခုနှစ် ပထမ ၁၀ လတွင် ၄၂ ဒသမ ၂ ရာခိုင်နှုန်းထက် နှေးကွေးခဲ့ကြောင်း စာရင်းအင်းဗျူရိုက ထုတ်ပြန်သည်။

နိုဝင်ဘာလတွင် လက်ကားဈေးနှုန်းများမြင့်မားလာမှုကို တည်ငြိမ်စေရေးအတွက် နိုင်ငံတော်က ကြိုးပမ်းမှုများ ကြောင့် ကုန်ချောထုတ်လုပ်သည့် စက်မှုလုပ်ငန်းများအတွက် ကုန်ကျစရိတ်ဖိအားများ ကိုဖြစ်ပေါ်စေသော် လည်း ကန့်သတ်တားမြစ်ချက်များကြောင့် သတ္္ထုတွင်းနှင့် ကုန်ကြမ်းကဏ္ဍများမှ စုစုပေါင်းအမြတ်အစွန်းတိုးတက်မှုကို အားနည်းသွားစေသည်ဟု NBS မှ အကြီးတန်းစာရင်းအင်းပညာရှင် ကျူဟုန်က ပြောကြားသည်။

"ကုမ္ပဏီတွေက ကြီးမားတဲ့ ကုန်ကျစရိတ်ဖိအားတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီး ကုန်ချောကဏ္ဍ အတွက် အမြတ် အစွန်းတွေတိုးတက်မှုဖို့ လိုအပ်နေပါတယ်" ဟု ကျူက အချက်အလက် ထုတ်ပြန်ချက် နှင့်အတူ ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ကုန်ကျစရိတ်များ တဟုန်ထိုးမြင့်တက်လာသောကြောင့် စီးပွားရေးထိခိုက်မှုများကို လျှော့ချရန် တရုတ်က လုပ်ဆောင်နေပြီး အစိုးရက ကုန်ပစ္စည်းဈေးနှုန်းများကို ထိန်းချုပ်ခြင်းနှင့် လျှပ်စစ်ဓာတ်အားအကျပ်အတည်းကို ဖြေရှင်းပေးခြင်းကြောင့် တရုတ် သံနှင့် သံမဏိစက်ရုံများ၏ စက်ရုံထုတ်ဈေးနှုန်းများသည် နိုဝင်ဘာလတွင် အနည်းငယ် ကျဆင်းသွားခဲ့သည်။

၂၀၂၀ပြည့်နှစ် ကပ်ရောဂါဘေးမှ ပြန်လည်နာလန်ထလာပြီးနောက် တိုးတက်မှုအရှိန်ကျဆင်းသွားခဲ့ရသည့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော တရုတ်တွင် ဆောက်လုပ်ရေးကဏ္ဍ ကျဆင်းလာခြင်း၊ ထောက်ပံ့မှုဆိုင်ရာ အကျပ်အတည်းများနှင့် တင်းကျပ်သော ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် စားသုံးသူသုံးစွဲမှုကို ထိခိုက်လာစေသဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly