ဟောင်ကောင် မီဒီယာသူဌေးကြီး ဂျေမီလိုင်နှင့်အတူ Apple Daily ဝန်ထမ်းဟောင်း ၆ ဦးတို့ ဆူပူအုံကြွရန် လှုံ့ဆော်မှုများအတွက် နောက်ထပ်စွဲချက်များ တင်ခံရ

By Just Earth News
04 January 2022
ဟောင်ကောင် မီဒီယာသူဌေးကြီး ဂျေမီလိုင်နှင့်အတူ Apple Daily ဝန်ထမ်းဟောင်း ၆ ဦးတို့ ဆူပူအုံကြွရန် လှုံ့ဆော်မှုများအတွက် နောက်ထပ်စွဲချက်များ တင်ခံရ

ဟောင်ကောင် မီဒီယာသူဌေးကြီး ဂျေမီလိုင်နှင့် ယခုအခါ ရပ်ဆိုင်းထားသည့် Apple Daily ဝန်ထမ်းဟောင်း ၆ ဦးတို့သည် တရုတ်မှ ပြဌာန်းထားသော နိုင်ငံတော် လုံခြုံရေးဥပဒေဖြင့် တရားရင်ဆိုင်ရန် စောင့်ဆိုင်းနေချိန်တွင် ဆူပူအုံကြွရန် လှုံ့ဆော်မှု စွဲချက်ဖြင့် ထပ်မံစွဲချက်တင်ခံလိုက်ရသည်။

၎င်းတို့အမှုကို ပထမဆုံးအကြိမ် ကြားနာရန် အထက်တန်းတရားရုံးသို့ မလွှဲပြောင်းမီ အနောက် ကွမ်လုံ တရားရုံးသို့ နောက်ထပ်ရုံးတင်စစ်ဆေးမှုအတွက် ပြန်လွဲစဉ် တရားခံ ၇ ဦးကို အစိုးရရှေ့နေများက ဒီဇင်ဘာ ၂၈ရက်တွင် နောက်ထပ် စွဲချက်အသစ်ထပ်မံတရားစွဲခဲ့ကြောင်း South China Morning Post က ဖော်ပြခဲ့သည်။

ရာဇဝတ်မှုဆိုင်ရာဥပဒေအောက်ရှိ စွဲချက်အသစ်တွင် တရားခံများသည် ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန် ကမ်းလှမ်းခြင်း၊ ဖြန့်ဝေခြင်း၊ ပြသခြင်း သို့မဟုတ် လှုံ့ဆော်ရန် ပြန်လည်ထုတ်လုပ်ခြင်းအား ၂၀၂၁ခုနှစ် ဧပြီလ ၁ ရက်မှ Apple Daily ၏ နောက်ဆုံးထုတ်ဝေသည့်နေ့ဖြစ်သည့် ဇွန်လ ၂၄ ရက်အထိ ပြုလုပ်ခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ဟောင်ကောင်ပြည်သူများအကြား မရောင့်ရဲနိုင်စေခြင်း သို့မဟုတ် မကျေနပ်ချက်များ ပေါ်ပေါက်စေရန် ရည်ရွယ်ချက်ဖြင့် ဗဟိုအာဏာပိုင်များ၊ ဟောင်ကောင်အစိုးရ သို့မဟုတ် တရားရေးအုပ်ချုပ်မှုအဖွဲ့ကို ဆန့်ကျင်ပြီး “အကြမ်းဖက် ရန် လှုံ့ဆော်မှု”၊ “ဥပဒေ သို့မဟုတ် တရားဥပဒေအမိန့်တစ်စုံတစ်ရာအား မနာခံရန် အကြံဉာဏ် ပေးခြင်း” သို့မဟုတ် “မုန်းတီးခြင်း သို့မဟုတ် မထီမဲ့မြင်ပြုခြင်း သို့မဟုတ် မကျေနပ်မှုကို လှုံ့ဆော်ခြင်း” များပြုလုပ်ခဲ့ကြောင်း ၎င်းတို့က စွပ်စွဲခံခဲ့ရသည်ဟု သတင်းစာက ဖော်ပြသည်။

ဂျေမီလိုင်အပြင် ကျန်ဝန်ထမ်း ၆ ဦးမှာ အယ်ဒီတာချုပ် ရိုင်လော၊ ထုတ်ဝေသူ ချန်ကင်ဟန်၊ အမှုဆောင် အယ်ဒီတာချုပ် လမ်မန်ချန်၊ တွဲဖက်ထုတ်ဝေသူ ချန်ပေ့မန်နှင့် အယ်ဒီတာ စာရေးဆရာ ဖန်ဝေနှင့် ချန်ခီတို့ ဖြစ်ကြသည်။

ဒီဇင်ဘာလအစောပိုင်းတွင် ယင်းတို့၏ မိခင်ကုမ္ပဏီဖြစ်သည့် Next Digital က ရပ်ဆိုင်းထားသော်လည်း နောက်ဆုံးစွပ်စွဲချက်များသည် Apple Daily၊ Apple Daily ပုံနှိပ်တိုက်နှင့် AD Internet စသည့် ဆက်စပ်ကုမ္ပဏီများကို ပစ်မှတ်ထားသည်ဟု အဆိုပါသတင်းစာက ဖော်ပြခဲ့သည်။

ယခုအခါ ၎င်းတို့အားလုံး ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly