မုံရွာ-အရာတော် လမ်းတွင် စစ်ကောင်စီထောက်ပို့ကား မိုင်းဆွဲခံရ

မုံရွာ-အရာတော် လမ်းတွင် စစ်ကောင်စီထောက်ပို့ကား မိုင်းဆွဲခံရ

 

မုံရွာ-အရာတော် လမ်းပိုင်းတွင် စစ်ကောင်စီ ထောက်ပို့ယာဥ် တစ်စီးကို ဇန်နဝါရီလ ၄ ရက် နံနက် ၆ နာရီတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Knights Of The Red Land (KORL) ပြောက်ကျားတပ်ဖွဲ့ ဝာာဝန်ရှိသူက ပြောသည်။ "ယာဥ်နှစ်စီး လာတာ တစ်စီးနဲ့ တစ်စီးက နာရီဝက်လောက်ကို ကြာတယ်။ ပထမ တစ်စီးကို လွှတ်ပေးလိုက်ပြီး နောက်ကားကို ဆွဲလိုက်တာ ဘေးတစ်ခြမ်းက တော်တော်ကို စုတ်ပြတ် သွားတယ်။ ကားပေါ်က ကောင်တွေလည်း အများအပြား ဒဏ်ရာရနိုင်တယ်" ဟု ၎င်းက ပြောသည်။ အဆိုပါ စစ်ကောင်စီယာဥ်သည် မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် မုံရွာ-အရာတော် လမ်းပေါ်ရှိ ဝါးတန်းရွာ အနီးတွင် ရပ်တန့်နေပြီး ဒဏ်ရာ ရရှိမှု အခြေအနေကိုမူ မသိရသေးပေ။ ယင်းတိုက်ခိုက်မှုအပြီး စစ်ကောင်စီ၏ ထောက်ပို့ယာဥ် နောက်တစ်စီးကိုလည်း နံနက် ၇ နာရီခန့်တွင် မကျည်းသုံးပင်ကွေ့၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ယာဥ်မောင်းနှင့် နောက်ထပ် နှစ်ဦး သေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။ ယခုတိုက်ခိုက်မှုများကို Knights Of The Red Land (KORL) ၊ Ayardaw Bone Naing(A.B.N.PDF) သပြေညို ပြောက်ကျားတပ်ဖွဲ့၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့ တို့က ဦးဆောင်၍ Ayardaw Falcon Force(AF2) ၊ M.R.T.F တပ်ဖွဲ့၊ The Guys Of Burma Revolution Force (GBRF) နှင့် တမန်တော် ပြောက်ကျားတပ်ဖွဲ့ (APOSTLE) ညီနောင် ရှစ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly