ပါကစ္စတန် အစ္စလမ်မာဘတ်ရှိ ကောလိပ်မျာတွင် ဆရာ၊ ဆရာမ ရှားပါးမှုနှင့် ရင်ဆိုင်နေရ

By Latestly
04 January 2022
ပါကစ္စတန် အစ္စလမ်မာဘတ်ရှိ ကောလိပ်မျာတွင် ဆရာ၊ ဆရာမ ရှားပါးမှုနှင့် ရင်ဆိုင်နေရ

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလမ်မာဘတ်ရှိ ကောလိပ်ကျောင်းနှစ်ခုတွင် ဝန်ထမ်း ရှားပါးမှုနှင့် ရင်ဆိုင်နေရပြီး အဆိုပါ ပညာရေးအင်စတီကျူးရှင်း ၂ ခုစလုံးသည် အချိန် ၂ နှစ်ကျော် ကုန်လွန်ခဲ့သော်လည်း သင်ကြားရေးနှင့် သင်ကြားရေးပိုင်းမဟုတ်သည့် အမှုထမ်း ရာထူးနေရာများအတွက် သက်ဆိုင်ရာမှ အကြံပြုထောက်ခံထားသည့် ရာထူးနေရာအရေအတွက်ကို ဖန်တီးဖြည့်ဆည်းနိုင်ခြင်း မရှိသေးကြောင်း ပြည်တွင်း မီဒီယာ The Express Tribune တွင် ဖော်ပြသည်။

ဘာရာ ကာဟူအရပ်ရှိ အစ္စလမ်မာဘတ် စံပြ မိန်းကလေးကောလိပ် (IMCG) အတွက် သင်ကြားရေးပိုင်း ရာထူးနေရာ ၃၄ ခု နှင့် သင်ကြားရေးမဟုတ်သည့် အမှုထမ်းရာထူးနေရာ ၂၂ ခု ဖန်တီးရန် စီမံကိန်းရေးဆွဲမှု ကော်မရှင်က ၂၀၁၇ ခုနှစ်တွင် အကြံပြုထားခဲ့ကြောင်း အဆိုပါ သတင်းတွင် ပါရှိသည်။ 

အလားတူ ဆီဟာလာရှိ အစ္စလမ်မာဘတ် စံပြ ယောကျ်ားလေးကောလိပ် (IMCB) အတွက်လည်း သင်ကြားရေးပိုင်း ရာထူးနေရာ ၃၅ ခု နှင့် သင်ကြားရေးပိုင်း မဟုတ်သည့် အမှုထမ်းရာထူးနေရာ ၃၀ ခု ဖန်တီးရန် ထောက်ခံအကြံပြုထားခဲ့သည်ဟု သိရသည်။

အဆိုပါ ကောလိပ်ကျောင်းနှစ်ခုစလုံးတွင် ထို ရာထူးနေရာများ ဖန်တီးခန့်အပ်ရေး ကိစ္စများကို ၂၀၁၉ ခုနှစ် မေလက ခြိုးခြံချွေတာရေး ကော်မတီ (ဘဏ္ဍာရေးဌာနခွဲ) ၏ အစည်းအဝေးတစ်ခုတွင် တင်ပြခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန် သတင်းစာက ဖော်ပြသည်။

ထို ကောလိပ်နှစ်ခုစလုံး၏ အထက်ပါ ရာထူးနေရာများ၏ ၅၅ ရာခိုင်နှုန်းကို ဖန်တီးသွားမည်ဖြစ်ကြောင်းနှင့် ကျန်အမှုထမ်းနေရာ ၄၅ ရာခိုင်နှုန်းကို လာမည့် ဘဏ္ဍာနှစ်တွင် ခွင့်ပြုပေးသွားမည်ဟု ကော်မတီက ကနဦး ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

နောက်ပိုင်းတွင် ဆီဟာလာရှိ အစ္စလမ်မာဘတ် စံပြ ယောကျ်ားလေးကောလိပ် (IMCB) အတွက် ရာထူးနေရာများ၏ ၄၆ ရာခိုင်နှုန်းကို လျှော့ချခဲ့သည် ဖြစ်ရာ ယင်းအတွက်ကြောင့် ကောလိပ်ကျောင်းတွင် မူလအကြံပြုထားသည့် သင်ကြားရေးပိုင်း ရာထူးနေရာ ၃၅ ခု အနက် ၂၀ ခုနှင့် သင်ကြားရေးမဟုတ်သည့် အမှုထမ်းရာထူးနေရာ ၃၀ ခုအနက် ၁၆ ခုကိုသာ ဖန်တီးဖြည့်ဆည်းနိုင်ခဲ့သည်ဟု The Express Tribune က ဖော်ပြသည်။

အလားတူ ဘာရာ ကာဟူ အရပ်ရှိ အစ္စလမ်မာဘတ် စံပြ မိန်းကလေး ကောလိပ် (IMCG) အတွက်လည်း ရာထူးနေရာ ၄၀ ရာခိုင်နှုန်းကို လျှော့ချခဲ့ရာ ယင်းကောလိပ်တွင်လည်း မူလ အကြံပြုထောက်ခံထားသည့် သင်ကြားရေးပိုင်း ရာထူးနေရာ ၃၄ ခု အနက် ၁၉ ခုနှင့် သင်ကြားရေးမဟုတ်သည့် အမှုထမ်းရာထူးနေရာ ၂၂ ခုအနက် ၁၅ ခုကို ဖန်တီးခွဲဝေသတ်မှတ်ထားနိုင်ခဲ့ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ကောလိပ်ကျောင်းနှစ်ခုစလုံးရှိ ကျန်ရှိနေသည့် ရာထူးနေရာများ ဖန်တီးဖြည့်ဆည်းမှုကို နှစ်နှစ်ကျော်ကြာ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပါကစ္စတန် သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly