ပါကစ္စတန်တွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ကလေး ၃ ဦးအပါအဝင် ၆ သေဆုံး

ပါကစ္စတန်တွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ကလေး ၃ ဦးအပါအဝင် ၆ သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဟန်ဂူခရိုင်တွင် ဒီဇင်ဘာ ၂၈ ရက်က ဓာတ်ငွေ့ယိုစိမ့်မှုတစ်ခု ဖြစ်ပြီး ကလေးငယ် ၃ဦးအပါအဝင် ၆ဦး သေဆုံးခဲ့သည်။

ဟန်ဂူခရိုင် ဂူလ်ရှန် နယ်မြေရှိ နေအိမ်တစ်လုံးတွင် အပူပေးစက်မှ ဓာတ်ငွေ့ယိုစိမ့်ခဲ့မှုကြောင့် အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ပြည်တွင်း မီဒီယာများကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

နေအိမ်ရှိ အိမ်သားအားလုံးသည် ၎င်းတို့ အနွေးဓာတ်ရရန်အတွက် ဓာတ်‌ငွေ့ အပူပေးစက်ကို ဖွင့်လျက်ဖြင့် အိပ်နေချိန်တွင် ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေးအလုပ်သမားများက ပြည်တွင်းမီဒီယာများသို့ ပြောသည်။

ဓာတ်ငွေ့ယိုစိမ့်ပြီးနောက် နေအိမ်တစ်ခုလုံး ဓာတ်ငွေ့များဖြင့် ဖုံးလွှမ်းပြည့်နှက်ခဲ့ပြီးနောက် လူသေဆုံးမှုများ ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly