ကိုဗစ်ဖြစ်ပွားမှု အများအပြားတွေ့ရှိပြီးနောက် ရှီအန်မြို့တွင်နေထိုင်သူ ၁၃ သန်း ကို တရုတ်အစိုးရက အသွားအလာ ပိတ်ပင်တားမြစ်

ကိုဗစ်ဖြစ်ပွားမှု အများအပြားတွေ့ရှိပြီးနောက် ရှီအန်မြို့တွင်နေထိုင်သူ ၁၃ သန်း ကို တရုတ်အစိုးရက အသွားအလာ ပိတ်ပင်တားမြစ်

တရုတ်နို်ငငံ ရှီအန်မြို့တွင် ကိုဗစ်- ၁၉ ဖြစ်ပွားမှု အများအပြားကိုတွေ့ရှိပြီး နောက် ရှီအန်းမြို့တွင်း နေထိုင်သူ ၁၃ သန်းကို အာဏာပိုင်များက အသွားအလာ ကန့်သတ်တားမြစ်ထားသည်။

ယင်းမြို့တွင် အစုအပြုံလိုက် ကူးစက်ခံရမှုသည် ဒီဇင်ဘာ ၄ ရက်က ပါကစ္စတန်မှ လာသည့် ခရီးသည် ၆ ဦး ထက်မနည်းတွင် Delta မျိုးကွဲတွေ့ရှိမှုနှင့် ဆက်စပ်နေကြောင်း အရာရှိများက ယူဆနေကြသည်။ 

ယခုအချိန်အထိ ရှီအန်းမြို့တွင် Omicron မျိုးကွဲဖြစ်ပွားသည့် သတင်းမရရှိသေးကြောင်း CNN သတင်းတွင်ဖော်ပြထားသည်။

အာဏာပိုင်များက ထိန်းချုပ်မှုများကို လျင်မြန်စွာ ဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းများကို ခေတ္တပိတ်ကာ တစ်မြို့လုံးတွင် အစုလိုက်အပြုံလိုက် စမ်းသပ်မှုများ ပြုလုပ်ခဲ့သော်လည်း ကူးစက်မှုများ ဆက်လက်များပြားလာ ကာ ဒီဇင်ဘာ ၂၃ရက်က ရှီအန်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ၅၂ ခုကို တွေ့ရှိခဲ့သည်။

ဒီဇင်ဘာ ၂၂ရက်မွန်းတည့်ချိန်အထိ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူ ၃ သောင်းကျော်ကို အစိုးရ သီးသန့်ခွဲထားရာနေရာတွင် ထားရှိထားကြောင်း နိုင်ငံပိုင်သတင်းစာ China Daily က ဖော်ပြခဲ့သည်။ 

ထိုနေ့၌ပင် ရှီအန်းမြို့၌ ထပ်မံသတိပေးချက်မရသေးမီအထိ တင်းကျပ်သော ပိတ်ဆို့တားမြစ်မှုကို ချမှတ်ခဲ့သည်။

ကန့်သတ်ချက်အသစ်များကို ထုတ်ပြန်ကြေညာပြီးနောက်၊ မိသားစုများသည် ညသန်းခေါင်ယံအချိန် ကန့်သတ်တားမြစ်ချက်အသက်မဝင်မီ စူပါမားကတ်များထံ အပြေးအလွှား သွားရောက်ကာ လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူခဲ့ကြသည်ဟု အစိုးရပိုင် Global Times သတင်းစာက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly