ဒီးမော့ဆိုတိုက်ပွဲတွင် ဒဏ်ရာရ KNDF တပ်ဖွဲ့ဝင် ၁ ဦး ဆေးကုသ‌နေစဉ် ကျဆုံး

ဒီးမော့ဆိုတိုက်ပွဲတွင် ဒဏ်ရာရ KNDF တပ်ဖွဲ့ဝင် ၁ ဦး ဆေးကုသ‌နေစဉ် ကျဆုံး

ဇန်နဝါရီ ၂

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ပစ်ခတ်မှုများအတွင်း ဒဏ်ရာရရှိခဲ့သည့် KNDF ရဲဘော်တစ်ဦးမှာ ဆေးကုသနေစဉ် ကျဆုံးသွားပြီဖြစ်ကြောင်း ဇန်နဝါရီလ ၂ ရက်တွင် ကရင်အမျိုးသားများ ကာကွယ်ရေးတပ် (KNDF ) မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ကျဆုံးသွားသည့်ရဲဘော်မှာ ဒီးမော့ဆိုမြို့ ငွေတောင်ဆည်အနီး ဒီဇင်ဘာလ ၃၁ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ပြင်းထန်ဒဏ်ရာရခဲ့ကာ ဆေးကုသမှုခံယူနေစဉ် ကျဆုံးခဲ့ရခြင်းဖြစ်သည်။

ကျဆုံးခဲ့ရသည့် ရဲဘော်၏ နာမည်၊ ရာထူးအဆင့် တို့ကိုမသိရသေးပေ။

“အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဖက်ဒရယ် ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်ပေးသွားသော ရဲဘော်အား KNDF မှ အမျိုးသား အာဇာနည် သူရဲကောင်းအဖြစ် လေးစားအသိမှတ်ပြု သမိုင်းမှတ်တမ်းတင်အပ်ပါသည်” ဟူ၍ KNDF မှ ဂုဏ်ပြုထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်း ဒီးမော့ဆို မြို့မရဲစခန်းကပ်ရပ် ဘုရားစေတီဝိုင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို PDF, KNDF, နှင့် KA ပူးပေါင်းတပ်များမှ ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ငါးဦးသေဆုံးသွားကြောင်းဆိုသည်။၊

လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ရေးအရှိန်မြင့် လာမည့်အခြေအနေ ရှိ‌နေသောကြောင့် ပြည်သူများအနေဖြင့် ခရီးသွားလာခြင်းမပြုရန်လည်း KNDFမှ အသိပေးထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly