ပုသိမ်မြို့ ကညန ရုံးဝင်းအတွင်း မီးပုလင်းအပစ်ခံရ

02 January 2022
ပုသိမ်မြို့ ကညန ရုံးဝင်းအတွင်း မီးပုလင်းအပစ်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ကင်မလင်းကျွန်းလမ်းမကြီးပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီဌာန (ကညန) ရုံးဝင်းအတွင်းသို့ ဇန်နဝါရီလ ၁ ရက် နံနက် ၄ နာရီ ၄၃ မိနစ် အချိန်ခန့်တွင် မီးပုလင်းပစ်ထည့်​ခဲ့သည်ဟု Irrawaddy Local Defense Force အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

"မြေပြင်မှာ လှုပ်ရှားရတဲ့ ရဲဘော်တွေရဲ့ လုံခြုံရေးအရ အမြန်ပြန်လည်ဆုတ်ခွာခဲ့ရလို့ ထိခိုက်ပျက်စီးမှု စာရင်းကို မသိရှိရပါဘူး။ ကျွန်တော်တို့ အနေနဲ့ ပြည်သူအပေါ် မတရားသဖြင့် အကြမ်းဖက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ နောက်လိုက်အဖြစ်ကနေ ရပ်တန့်ဖို့ သတိပေးတဲ့ အနေနဲ့သာ မီးပုလင်းများ ပစ်သွင်းခဲ့တာ ဖြစ်ပါတယ်"ဟု အဆိုပါအဖွဲ့ဝင်က ဆိုသည်။

စစ်ကောင်စီအား ဆက်လက်၍ အထောက်အပံ့ပေးနေမည်ဆိုပါက ယခုထက်ပိုသော တုံ့ပြန်မှုမျိုးများနှင့် တုံ့ပြန်သွားမည်ဟုလည်း Irrawaddy Local Defense Force အဖွဲ့၏ အွန်လိုင်းစာမျက်နှာတွင်ထုတ်ပြန်ထား သည်။

မီးပုလင်းအပစ်ခံခဲ့ရပြီး အဆိုပါနေ့ နံနက်အစောပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံများက ပုသိမ် ကညန ရုံးဝန်းအတွင်း အရပ်ဝတ်များဖြင့်ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly