ထားဝယ်တွင် စစ်ကောက်စီက အကြမ်းဖက် ဖမ်းဆီးခဲ့သည့် လူငယ် ၂ ဦး ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရ

ထားဝယ်တွင် စစ်ကောက်စီက အကြမ်းဖက် ဖမ်းဆီးခဲ့သည့် လူငယ် ၂ ဦး ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရ

ဇန်နဝါရီလ ၁ ရက်

ထားဝယ်မြို့၌ တက်ကြွလှုပ်ရှားသူ လူငယ် နှစ်ဦးကို စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ် ဖမ်းဆီးပြီးနောက် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထားဝယ် ထောင်တွင်းတရားရုံးက အပြီးသတ် အမိန့်အဖြစ် ထောင်ဒဏ် ၁၁ နှစ်စီ ချမှတ်ခဲ့ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်(DPPN) က ထုတ်ပြန်သည်။

စစ်ကောင်စီက နှစ်ရှည် ထောင်ဒဏ် ၁၁ နှစ် အထိ အမိန့်ချမှတ်ခံရသော လူငယ် နှစ်ဦးမှာ ထားဝယ်မြို့၊ကြက်စာပြင် ရပ်ကွက်တွင် မေလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ် ဖမ်းဆီးခံခဲ့ရသည့် ကိုဝေယံဖြိုးနှင့် ကိုညဏ်ဝင်းတို့ နှစ်ဦး ဖြစ်ကြောင်း DPPN တာဝန်ရှိသူက ပြောသည်။

၎င်းတို့ နှစ်ဦးကို ထားဝယ် အကျဉ်းထောင်တွင်း တရားရုံးက  ပုဒ်မ ၅၀၅ (က)၊ လက်နက် ကိုင်ဆောင်မှု ၁၉ (စ)၊ အကြမ်းဖက်မှု ၅၂ (က) တို့ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

အသက် (၂၂) နှစ် အရွယ် ကိုဝေယံဖြိုး သည် အဖမ်းခံရစဉ်က လက်မောင်းတွင် ကျည်ထိမှန်ခဲ့သည့် အပြင် လက်မောင်းရိုးကျိုး ဒဏ်ရာ ဆေးကုသခွင့် မရခဲ့ကြောင်း အသက် (၂၄) နှစ်အရွယ် ကိုဉာဏ်ဝင်း သည်လည်း ပေါင် သေနတ်ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ ထားဝယ် နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (DPPN)  ပြုစု ထားသည့် စာရင်းအရ နွေဦး တော်လှန်ရေးကာလ အတွင်း အမိန့်ချ ခံထားရသော နိုင်ငံရေး အကျဉ်းသား အမျိုးသား ၇၃ ဦးရှိပြီး အမျိုးသမီး စာရင်းကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required