မြောက်ဥက္ကလာပ မြရတနာ ရဲစခန်းတွင် တိုက်ပွဲဖြစ်

မြောက်ဥက္ကလာပ မြရတနာ ရဲစခန်းတွင် တိုက်ပွဲဖြစ်

ဒီဇင်ဘာ ၃၁

မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမပေါ်ရှိ မြရတနာ ရဲစခန်း စခန်း (၉) နှင့် အနီးတဝိုက်တွင် ယနေ့ (ဒီဇင်ဘာလ ၃၁ရက်) ညနေ ၆:၃၀ ဝန်းကျင်အချိန်မှစတင်ပြီးနှစ်ဘက်ပစ်ခတ်သံများကြားနေရကြောင်းသိရသည်။

''ဆေး တက္ကသိုလ် (၂)အကျော်နှင့် မြရတနာရဲစခန်း(၉)ကြားမှာဂိတ်တွေတားပြီးချထားတာကြာပြီ၊အဲဒါကို ဗုံးနဲ့ဝင်ပစ်တယ်လို့ကြားရတယ်။ညနေ ၆နာရီခွဲလောက်ထဲကပစ်ကြတာ ၇နာရီအထိအသံတွေကြားရတုန်းပဲ။ပေါက်ကွဲသံတွေလည်းဆက်တိုက်ကြားနေရတယ်''ဟုအနီးအနားရှိသူတစ်ဦးကပြောသည်။

အဆိုပါပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်များမှခေမာသီလမ်းမကြီးတစ်လျောက်နှင့်ခြောက်ကွေ့အထိပါလိုက်လံပစ်ခတ်ကြသည်ဟုလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly