ပုသိမ်မြို့တွင် နတ်ကနေသူ တစ်ဦးကို စစ်ကောင်စီတပ်များ ဝင်ရောက်ဖမ်းဆီး

ပုသိမ်မြို့တွင် နတ်ကနေသူ တစ်ဦးကို စစ်ကောင်စီတပ်များ ဝင်ရောက်ဖမ်းဆီး

ဒီဇင်ဘာလ ၃၀ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာစေတီလမ်းပေါ်ရှိ အိမ်တစ်အိမ်တွင် နတ်ကနေသည့် ထက်ပိုင်ဖြိုး(ခ)ပြည်ကျော်အား စစ်ကောင်စီတပ်များနှင့် ရဲများက ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းက ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်စဉ်က ပုသိမ်မြို့၊ ရေကြည်ဦး ဘုရားရှေ့ စစ်ကောင်စီ ကျိန်စာ တိုက်ပွဲတွင် ထက်ပိုင်ဖြိုး ဦးဆောင်ခဲ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူ တစ်ဦးက ပြောသည်။

"မနေ့ညက နတ်ကနေတဲ့ အချိန်မှာ ဝင်ဖမ်းသွားတာပါ၊ လက်နက်တွေကိုင်ပြီး နတ်ပွဲထဲအထိ ဝင်ဖမ်းတာ ဆိုတော့ ထွက်ပြေးတဲ့သူလည်း ထွက်ပြေးကြတယ်၊ ထက်ပိုင်ဖြိုး ကိုတော့ ဖမ်းသွားကြတယ်၊ ပထမ တစ်ခါ ထက်ပိုင်ဖြိုးကို ဖမ်းသေးတယ်၊ အမှုပိတ်ပြီး ပြန်လွတ်လာလို့ သူ့အလုပ်သူ ပြန်လုပ်နေတာကို အခု ထပ်ဖမ်းသွားတာပါ" ဟု မျက်မြင် တွေ့ရှိသူ တစ်ဦးကပြောသည်။

လက်ရှိတွင် ထက်ပိုင်ဖြိုး(ခ)ပြည်ကျော် ကို စစ်ကောင်စီတပ်များနှင့် ရဲများက မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း ဖမ်းဆီးခံရပြီး နောက်ပိုင်း မိသားစုများနှင့် အဆက်အသွယ် မရသေးကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly