ကရင်နီပြည်နယ်၌ မီးရှို့ သတ်ဖြတ်ခံခဲ့ရသည့် ပြည်သူ ၃၀ ကျော်၏ ရုပ်အလောင်းများ သင်္ဂြိုလ်

ကရင်နီပြည်နယ်၌ မီးရှို့ သတ်ဖြတ်ခံခဲ့ရသည့် ပြည်သူ ၃၀ ကျော်၏ ရုပ်အလောင်းများ သင်္ဂြိုလ်

ဒီဇင်ဘာလ ၂၉ ရက်

ကရင်နီပြည်နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က မီးရှို့သတ်ဖြတ်ခဲ့သည့် ပြည်သူ ၃၀ ကျော်၏ ရုပ်အလောင်းများကို ယနေ့ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် မြေမြှုပ် သင်္ဂြိုလ်ခဲ့ကြောင်း တိုးတက်သော ကရင်နီ အင်အားစု (PKPF) ထုတ်ပြန်သည်။ 

ယနေ့ မြှုပ်နှံခဲ့သည့် ပြည်သူ ၃၀ ကျော်ထဲတွင် Save the Children မှ ဝန်ထမ်း နှစ်ဦးနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦး၏ ရုပ်အလောင်းများလည်း ပါဝင်ခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။ 

ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်မ (၆၆) လက်အောက်ခံ ခလရ (၁၀၈) တပ်က ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဒေသခံပြည်သူ ၃၅ ဦးကို ကြိုးတုပ်ပြီး မော်တော်ယာဉ်ပေါ်၌ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်းခဲ့ခြင်း ဖြစ်သည်ဟု သတင်းအရင်းအမြစ်က ပြောသည်။

 အဆိုပါ စစ်ရာဇဝတ်မှုနှင့် ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ပြည်တွင်း အင်အားစုများကလည်း အကြမ်းဖက် စစ်အုပ်စုကို အရေးယူပေးရန် တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly