မြန်မာနိုင်ငံသား ၄ဦးတွင် အိုမီခရွန်ပိုးတွေ့ရှိ

မြန်မာနိုင်ငံသား ၄ဦးတွင် အိုမီခရွန်ပိုးတွေ့ရှိ

ဒီဇင်ဘာလ ၂၈ ရက်

မြန်မာနိုင်ငံတွင် COVID-19 ဗီဇပြောင်း ပိုးတစ်မျိုးဖြစ်သည့် အိုမီခရွန်ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့သည်ဟု ယနေ့ညတွင် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ရာ မြန်မာတွင်ပထမဆုံး အိုမီခရွန်ကူးစက်သူများကိုတွေ့ရှိရခြင်းဖြစ်လာသည်။

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ လေယာဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသူများ၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးရာ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ရရှိသောအဖြေအရ မြန်မာနိုငိငံသားလေးဦးတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရသည်ဟု ထုတ်ပြန်ထားသည်။ ထို့အပြင် ၂၆ ဦးတွင် SARS- CoV-2 variant Delta တွေ့ရှိရသည်ဟုလည်းပါရှိသည်။

အိုမီခရွန်တွေ့ရှိသူ အားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်ဟု သိရသည်။ သူတို့လေးဦးအနက် တစ်ဦးသာလျှင် သာမန်ရောဂါလက္ခဏာ တွေ့ရှိရပြီး ကျန်သူများရောဂါလက္ခဏာ မတွေ့ရှိခဲ့ရဘဲ ကုသရေး စင်တာများတွင် စောင့်ကြပ်ကြည့်ရှု၍ သတ်မှတ်ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သော ကြောင့် ကုသရေးစင်တာမှ ဆင်းခွင့်ပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required