ရန်ကုန် တောင်ဒဂုံမြို့နယ် မြိတ်လမ်းနှင့် ဧရာဝဏ် လမ်းဆုံတွင် ဗုံးများပေါက် 

ရန်ကုန် တောင်ဒဂုံမြို့နယ် မြိတ်လမ်းနှင့် ဧရာဝဏ် လမ်းဆုံတွင် ဗုံးများပေါက် 

ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် မြိတ်လမ်းပေါ်နှင့် ဧရာဝဏ် လမ်းဆုံတို့တွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၆ နာရီခန့်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ 

"စစ်ကောင်စီက အမြဲလှည့်နေတာ အဲ့ဒီလမ်းမှာ။ မနက်က မီးတန်းကား ဆလွန်းကား တစ်စီးနဲ့ လာတာ။ ကျွန်တော်တို့က လမ်းဆုံကနေ စပြီး လမ်းတစ် လျှောက်မှာ ထောင်ထားတာ သုံးလုံး။ ချိန်ကိုက် မှားသွားလို့ ကားကိုတော့ မထိသွားဘူး" ဟု ဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့သည့် အာဏာသိမ်း ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (ACPLF)  အဖွဲ့က ပြောသည်။ 

အဆိုပါ ပေါက်ကွဲမှုများတွင် ချိန်ကိုက် လွဲမှားမှုကြောင့် စစ်ကောင်စီကားများ ထိခိုက်မှု မရှိခဲ့ပေ။ 

"ကျွန်တော် မနက်နိုးတော့ ၆ နာရီလောက်ပေါ့။ အဲ့ဒီ့အချိန်မှာ တစ်လုံး ပေါက်တယ်တဲ့။ ကျွန်တော်တော့ သတိမထားမိလိုက်ဘူး။ နောက်တစ်လုံးပေါက်တဲ့ အချိန်က အိမ်နဲ့နီးတော့ အသံ တော်တော်ကျယ်တယ်။ အပေါ်ထပ် အိမ်တွေကို တုန်သွားတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါလုပ်ဆောင်မှုကို (ACPLF) အဖွဲ့နှင့် တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအင်အားစု (SSUG) ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly