မြန်မာနိုင်ငံကို "“ဟွန်ဆန်” လုံးဝခြေချခွင့် မရ စေရ” ဆန္ဒပြ လှုပ်ရှားမှု

မြန်မာနိုင်ငံကို "“ဟွန်ဆန်” လုံးဝခြေချခွင့် မရ စေရ” ဆန္ဒပြ လှုပ်ရှားမှု

ဒီဇင်ဘာ ၂၈

အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ပူးပေါင်းရန် ပြင်ဆင်နေသည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်အား ကန့်ကွက်သည့် အနေဖြင့် " “ဟွန်ဆန်” လုံးဝခြေချခွင့် မရ စေရ” လှုပ်ရှားမှုကို ထားဝယ်မြို့ရှိ လူငယ်များ ဦးဆောင်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်သည်။

အဆိုပါ လှုပ်ရှားမှုတွင် အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်ပုံနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ပုံများအား နင်းခြေ မီးရှို့ ဖျက်ဆီးကြသည်။ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည့် စစ်ကောင်စီအုပ်စုကို အားပေး အားမြှောက် ပြုလုပ်နေသည့်အတွက် ယခုကဲ့သို့ ကန့်ကွက် ရှုတ်ချကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly