Sinopharmသည် Omicron ကို ကာကွယ်နိုင်မှု အာသိသင် နည်းပါးကြောင်း လေ့လာတွေ့ရှိ

Sinopharmသည် Omicron ကို ကာကွယ်နိုင်မှု အာသိသင် နည်းပါးကြောင်း လေ့လာတွေ့ရှိ

တရုတ် Sinopharmမှ ထုတ်လုပ်သည့် ကာကွယ်ဆေးအား တတိယအကြိမ်မြောက်ထိုးဆေး ကိုဗစ်-၁၉ ကိုယ်ခံအားမြှင့်တင်ဆေးအဖြစ် ထိုးမည်ဆိုပါက Omicron မျိုးကွဲကို တိုက်ဖျက်ရာတွင် အာနိသင် သိသိသာသာ နိမ့်ကျသည် ဟု တရုတ်သုတေသီများက စာတမ်းတစ်စောင်တွင် ပြောကြားခဲ့သော်လည်း၊ Omicron တိုက်ဖျက်ရာတွင် ကာကွယ်ဆေး၏ ထိရောက်မှုမှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Shanghai Jiao Tong တက္ကသိုလ်မှ သုတေသီများနှင့် ရှန်ဟိုင်းအခြေစိုက် အသက်ရှူလမ်းကြောင်း ကူးစက် ရောဂါများဆိုင်ရာ ဓာတ်ခွဲခန်းမှ သုတေသီများက ပြုလုပ်သော လေ့လာမှုတွင် ဝူဟန်မှ မူလကိုရိုနာဗိုင်းရပ်ပိုးကို တိုက်ဖျက်သည့် Sinopharm ကာကွယ်ဆေး၏ အစွမ်းထက်မြတ်သော လုပ်ဆောင်ချက်ကို နှိုင်းယှဉ်ခဲ့ကြသည်။

Omicron ကို ကာကွယ်နိုင်သည့် Sinopharm BBIBP-CorV တတိယအကြိမ်မြောက်ထိုးဆေး၏ ပဋိပစ္စည်း လုပ်ဆောင်ချက်သည် ဝူဟန်ဗိုင်းရပ်စ်ပိုးနှင့် နှိုင်းယှဉ်ပါက ၂၀ ဒသမ ၁ ရာခိုင်နှုန်း အားနိသန်လျော့နည်း သွားကြောင်း ဖော်ပြခဲ့သည်ဟု ဒီဇင်ဘာ ၁၈ရက်က ထုတ်ပြန်သည့် စာတမ်းတွင် ဖော်ပြထားသည်။

Sinopharm၏ BBIBP-CorVကာကွယ်ဆေးနှင့် Sinovac Biotech's (SVA.O) CoronaVac တို့သည် တရုတ်ပြည်တွင် လူသုံးအများဆုံး ကာကွယ်ဆေး ၂ မျိုးဖြစ်ပြီး တရုတ်ပြည်မှ နိုင်ငံခြားသို့ တင်ပို့ရောင်းချသော ကိုဗစ်-၁၉ ကာကွယ်ဆေးများဖြစ်သည်။ Sinopharmသည် တရုတ်တွင် ဒုတိယမြောက် အသုံးပြုသည့် ကာကွယ်ဆေးလည်း ဖြစ်သည်။

လေ့လာမှုက ဒုတိယဆေးထိုးပြီးနောက် ၈ လမှ ၉ လခန့်အတွင်း တတိယအကြိမ် သို့မဟုတ် ဆေးအားကို မြှင့်တင်ဆေးထိုးထားသည့် ကျန်းမာရေးဝန်ထမ်း ၂၉၂ ဦးထံမှ နမူနာများကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။

နောက်ထပ် ၄ ပတ်ကြာပြီးနောက် ပါဝင်သူ ၇၈ ဒသမ ၁ ရာခိုင်နှုန်း၏ သွေးရည်ကြည်နမူနာများသည် Omicron ကို တိုက်ဖျက်သည့် လုပ်ဆောင်ချက်အားနည်းသွားသည်ဟု သုတေသီများက ပညာရှင်များသာ လေ့လာသည့် စာတမ်းတစ်စောင်တွင် ပြောကြားခဲ့သည်။

သို့သော် Sinopharm ဆေးအားမြှင့်တင်ဆေးသည် ဆေးထိုးသူများက Omicron ကြောင့်ဖြစ်ရသည့်ရောဂါများမှ မည်မျှကောင်းစွာကာကွယ်နိုင်သည်ကို အတိကျပြောကြားထားခြင်းမဟုတ်ဘဲ အာနိသင်နည်းပါးခြင်းသည် ကိုယ်ခံအားစနစ်တုန့်ပြန်မှုနှင့်သာ ပိုသက်ဆိုင်ကြောင်း လေ့လာမှုရေးသားသူများက သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly